Saturday, March 09, 2013

မအူပင်ပဋိပက္ခ စုံစမ်းစစ်ဆေးမှုစတင်

Posted by drmyochit Saturday, March 09, 2013, under | No comments

 ရန်ကုန်၊ မတ် ၈

ရဲတပ် ဖွဲ့ ဝင် တစ်ဦး သေဆုံးမှုနှင့် လူ ၅၀ ခန့် ဒဏ်ရာ ရ ရှိခဲ့သည့် မအူပင် မြို့နယ် မလက် တို ကျေးရွာ အုပ်စု ပလောင် ကျေးရွာတွင် ရဲတပ်ဖွဲ့နှင့် ဒေ သခံ လယ်သမားတို့ အကြား
ပဋိပက္ခဖြစ်ပွား ခဲ့မှုကို မတ်လ ၇ ရက်နေ့မှ စ၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောကြားသည်။

အဆိုပါပဋိပက္ခကို စုံစမ်းစစ်ဆေး ရန် ကော်မရှင်အဖွဲ့ကို ဧရာဝတီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးဝင်းကိုကိုက ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် အကျဉ်းဦးစီးဌာန၊ စည်ပင် သာယာရေး ဦးစီးဌာနနှင့် စက်မှုသီးနှံ ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးများ၊ ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး၊ ပုသိမ်မြို့နယ်မှ တရားလွှတ်တော် ရှေ့နေ တစ်ဦးနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ မအူပင်မြို့နယ် တာဝန်ခံ အလုပ် အမှုဆောင် တစ်ဦးတို့ ပါဝင်ဖွဲ့စည်းကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောကြားသည်။

မတ်လ ၇ ရက်နေ့တွင် မအူပင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေး မှူး များ၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန နှင့် ဥပဒေရုံးမှ တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ဒေသခံလူမှုရေး အသင်းအဖွဲ့များနှင့် ညှိနှိုင်းကာ စုံစမ်းစစ်ဆေး မှုများ ပြု လုပ်၍ ဖြစ်ရပ် အမှန်ကို သိရှိနိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း အဆိုပါ စုံစမ်းစစ် ဆေးရေးကော် မရှင် ဥက္ကဋ္ဌ ကပြော ဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး ပေါ်ပေါက်ချက် တွေကို အတည်ပြုပြီး မှပဲ မီဒီယာက တစ်ဆင့် ပြည်သူတွေ ကို အသိပေး သွားမှာပါ" ဟု ၄င်းက ထပ်မံ ပြောကြားသည်။

The Voice Weekly
မအူပင်ပဋိပက္ခ စုံစမ်းစစ်ဆေးမှုစတင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်