Saturday, March 09, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Posted by drmyochit Saturday, March 09, 2013, under | No comments

 မီဒီယာ များ၏ မေးမြန်း မှုကို ပြန်ကြားရေး တာဝန် ခံ ဦးအုန်းကြိုင် က ပြန်လည်ဖြေကြားနေစဉ်

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံနှင့်ပ တ်သက်၍ မတ်လ ၉ ရက်နေ့ ညီလာ ခံအပြီးတွင် သတင်းစာရှင်း လင်းပွဲတစ် ခု ပြုလုပ်ခဲ့ သည်။


သတင်းစာ ရှင်းလင်းပွဲကို မွန်ပြည်နယ် ကိုယ်စား လှယ် အဖြစ် တက်ရောက် လာသော အတွင်းရေး မှူး ဦးဥာဏ် ၀င်းနှင့် မန္တလေးတိုင်း ကိုယ်စားလှယ်အဖြစ် တက်ရောက် လာသော ပြန်ကြားရေးတာဝန်ခံ ဦးအုန်း ကြိုင် တို့က ပြုလုပ်ခဲ့ပြီး ညီလာခံ အကြိုနေ့နှင့် ပထမနေ့ တွင် ပြုလုပ် ခဲ့သည့်  လုပ်ဆောင် ချက်များ ကို ရှင်းလင်းခဲ့ရာ ဗဟိုကော်မတီဝင် ၁၂၀ ဦးနှင့် အရန်ကော်မ တီဝင် ၃၀ ဦးကို ဒီမိုကရေစီနည်း ကျ ရွေး ချယ်ပြီးဖြစ်ကြောင်း၊ ပါတီသို့ ပြန်လည် ၀င်ရောက် ရန် လျောက်ထား လာသည့် ပါတီဝင်ဟောင်း များကို လက်ခံ၊ မခံ ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ ညီလာခံ ဒုတိယနေ့တွင် ဗဟိုကော်မတီသစ် ဖွဲ့သွားမည်ဖြစ်ပြီး ယင်းကော်မ တီသစ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ပါတီရှေ့ လုပ်ငန်းစဉ် များနှင့် နိုင်ငံရေးမူဝါဒ အချက်အလက်များကို တင်ပြသွားမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က ရှင်းလင်းခဲ့ သည်။

ထို့နောက် မီဒီယာများ၏ မေးမြန်းမှုများကို ဦးအုန်းကြိုင်နှင့် ဦးဥာဏ်ဝင်းတို့က ဖြေကြားရာတွင် ဗဟို အလုပ် အမှုဆောင် အဖြစ် ၁၅ ဦးနှင့် အရန် ၅ ဦးကို ရွေးချယ်ရန် အကြမ်းဖျင်းလျာထားကြောင်း၊ ပါတီဝင်ဟောင်း လေးဦး ကို လက်မခံခြင်းမှာ မူတစ်ခုအနေဖြင့် မဟုတ်ကြောင်း၊ ညီလာခံမ ကျင်း ပမီ နှစ်ပတ် အလို အထိ ပါတီဝင် ၁၃ သိန်း ရှိကြောင်း၊ ကယားပြည်နယ်မှ ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်သွား သည့်သတင်းနှင့် ပတ်သက်၍ တိတိကျကျ မသိကြောင်း၊ ညီလာခံ တက်လာ သည့် ကယားပြည်နယ် ကိုယ်စားလှယ်များကိုယ်တိုင် တိတိကျကျ မသိကြောင်း၊ ကယား ပြည် နယ် မှာ စည်းရုံးရေး အခက်အခဲ ရှိနေသည့် နယ်မြေဖြစ်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီမှ မည်မျှဝင်လာသည်ကို မသိသော်လည်း ၀င်လာနိုင်သည်၊ ရှိနိုင်သည်ဆိုသည်ကို သိ ပါကြောင်း၊ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ် စဲခံရသူ လေးဦးနှင့်ပတ်သက်၍လည်း ၎င်းတို့တွင် ခိုင် လုံသော အထောက်အထားများရှိပြီး တစ်ဖက်လူ၏ ဂုဏ်သိက္ခာအတွက် ထုတ်ဖော် မပြောခြင်းဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်