Saturday, March 09, 2013

အဓမ္မပြုကျင့် ခံရသူ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးအား ခိုးမှုဖြင့် ပြန်လည်တရားစွဲဆိုသည့် အမှုကို စတင်စစ်ဆေးတော့မည်

Posted by drmyochit Saturday, March 09, 2013, under | 2 comments



ဆိုင်ရှင်၏ အဓမ္မပြု ကျင့်ခံ ရသူ မိန်း ကလေး ကပင် “သမီးကို အနိုင် ကျင့်တဲ့ အကြိမ်တိုင်း ပါးစပ်တွေကို အတင်း ပိတ်ပြီး နင့်အမေတွေ အစ်မတွေကို မပြော နဲ့၊ ပြောရင် သတ်ပစ်မယ်လို့ သူကပြော ပါ တယ်။ သမီးကို အဲ ဒီ အိမ် ကနေ တခြားနေ
ရာတွေ လျှောက်ပြောင်း ခိုင်းတုန်းက သူတို့ကိုယ် တိုင် ပဲ ကားနဲ့ လိုက်ပို့ ခဲ့တာပါ။ သူတို့ ဆီ က ပစ္စည်း လည်း သမီးမ ခိုးရပါဘူး” ဟု ပြောသည်။


မြောက်ဥက္ကလာပ မြို့နယ်ရှိ ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင်မှ အသက် ၁၅ နှစ်မအရွယ် ၎င်း၏ ဆိုင်ဝန်ထမ်း မိန်းကလေး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် အမှုကို လာမည့် မတ် ၁၄ ရက်တွင် ထပ်မံ ရုံးချိန်း ခေါ်ဆို လိုက်ပြီး ဆိုင်ပိုင်ရှင်၏ ဇနီးမှ အဆိုပါ မိန်းကလေးအား ခိုးမှုဖြင့် ပြန်လည် တရားစွဲဆိုသည့် အမှုကို မတ် ၁၅ ရက်တွင စတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဆိုင်ဝန်ထမ်း မိန်းကလေး၏ ဦးလေး တော်စပ်သူကိုမူ မတ် ၆ရက်က အရှေ့ပိုင်း ခရိုင် တရားရုံးမှ စစ်ဆေး ခဲ့သည်။ 

ဆိုင်ပိုင် ရှင်၏ ဇနီးက ခိုးမှုဖြင့် ပြန်လည် စွဲဆိုမှု အတွက် မိန်းကလေးငယ်သည် ယခင် ထိန်း သိမ်း စောင့်ရှောက် ထားသော နတ်မောက်လမ်းရှိ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာ တွင် နေထိုင် ခွင့် မရှိတော့ချေ။

ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၇ အရ အသက် ၁၆ နှစ် အောက် ကလေးဖြစ် သည့် အတွက် ခိုးမှုဖြင့် ယခု လို အမှု ဖွင့်ထားသော် လည်း ဥပဒေကြောင်း အရ အာမ ခံဖြင့် ပြင်ပ တွင် ပြန်လည် နေ ထိုင်ခွင့် ရရှိ ခဲ့ကြောင်း တရားလို မိန်းကလေး ၏ ရှေ့နေ ဒေါ်စိုး စိုးမော်က ပြောသည်။

ဆိုင်ရှင် ၏ အဓမ္မ ပြုကျင့်ခံရသူ မိန်းကလေးကပင် “သမီးကို အနိုင်ကျင့်တဲ့ အကြိမ်တိုင်း ပါးစပ်တွေကို အတင်း ပိတ်ပြီး နင့်အမေတွေ အစ်မတွေကို မပြောနဲ့၊ ပြောရင် သတ်ပစ်မယ်လို့ သူကပြောပါတယ်။ သမီးကို အဲဒီ အိမ်ကနေ တခြား နေရာတွေ လျှောက်ပြောင်းခိုင်းတုန်းက သူတိုပ ကိုယ်တိုင်ပဲ ကားနဲ့ လိုက်ပို့ ခဲ့တာ ပါ။ သတို့ဆီက ပစ္စည်းလည်း သမီးမခိုးရပါဘူး”ဟု ပြောသည်။

ထို့အတူ မိန်းကလေးငယ်၏ အမေ ဒေါ်တင်ဌေးကလည်း “ခိုးမှုနဲ့ ပြန်အမှုဖွင့်ပြီး တရားစွဲတယ်ဆိုရင် သူတို့ လူပျောက် မတိုင်ခင် ကတည်းက တရားစွဲပါလား။ ကျွန်မတို့ ဘက်ကနေ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်လိုက်တော့မှ ဘာလို့ သူတို့ ဘက်က တရားစွဲရတာလဲ။ ငွေရှိတိုင်း လုပ်ချင်တာ လုပ်လို့ မရပါဘူး” ဟု ပြောသည်။

အဆိုပါ အသက် မပြည့်သေးသော မိန်းကလေးတစ်ဦး အဓမ္မ ပြုကျင့်ခံရသည့် အမှုကို အရှေ့ပိုင်း ခရိုင် တရား ရုံးမှ ဒုတိယ ခရိုင် တရား သူကြီး(၁)ဦးလှသိမ်းမှ လက်ခံစစ်ဆေးပြီး မိန်းကလေး ဘက်မှ နေ ၍ ရှေ့နေ များ ကွန်ရက်မှ ရှေ့နေကြီး ဦးအောင်သိန်း၊ ရှေ့နေ ဒေါ်စိုးစိုးမာတို့မှ ဆောင်ရွက်ကြမည်ဖြစ်ပြီး ၎င်းတို့  သည် အဓမ္မပြု ကျင့်ခံရ သည့် အမှု အပါ အ၀င် ခိုးမှုဖြင့် တရားခံ အဖြစ် စွပ်စွဲ ခံရ သည့် အမှုအပေါ် လည်း ဆက်လက် ဆောင်ရွက် ကြမည် ဖြစ်သည်။

Eleven Media Group
From: Thit Htoo Lwin


2 comments:

အဒိလိုလူမျိုးကိုလီးတအားတောင်ရင်မင်းအမေတွေနှမတွေပြန်လိုးခွေးသားရဲ့

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်