Saturday, March 09, 2013

တရုတ်နိုင်ငံပိုင် မီဒီယာများဝေဖန်မှု အစိုးရကို ကိုယ်စားမပြုဟုဆို

Posted by drmyochit Saturday, March 09, 2013, under | No comments

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင် မီဒီယာ များ တွင် ဝေဖန်ရေးသားမှုများသည် တရုတ်အစိုးရကို ကိုယ်စားမပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့ သမ္မတနိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့် ရှိသူ Mr. Gao Mingbo က The Voice Weekly သို့ ပြောကြား သည်။


အဆိုပါ ဝေဖန်ရေးသားသူ များမှာ မိမိကိုယ်မိမိ ကျွမ်းကျင်သူများဟု သတ်မှတ်ကာ ၄င်းတို့၏ အမြင် ကို ဖော်ပြခြင်းသာ ဖြစ်ပြီး ယင်းဝေဖန်ရေးသားမှု များသည် တရုတ်အစိုးရ၏ အာဘော်များ မ ဟုတ် ကြောင်း၊ အစိုး ရကို ကိုယ်စားမပြုကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံ မှာကဲ့သို့ပင် တရုတ်နိုင်ငံတွင်လည်း မီဒီယာများမှ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ် သက်ပြီး အပြင်းအထန် ဝေဖန်မှုများ ပွက်ပွက်ညံလျက် ရှိကြောင်း၊ ဝေဖန်မှုတိုင်းသည် စာဖတ်ပရိသတ်၏ အမြင်နှင့် စဉ်းစားတွေးခေါ်မှု ပေါ်တွင် အမျိုးမျိုးပြောင်းလဲနိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာတွင် ဆောင်းပါးရှင် Bi Shihong က မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု အားနည်းစေရန် အာရှနှင့် အနောက်နိုင်ငံ အချို့ ကြိုးပမ်းနေ သည့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကူအညီများ အမြဲလိုအပ်နေပြီး တရုတ်အစိုးရနှင့် အလှမ်း ကွာဝေး လာပါက မြန်မာနိုင်ငံ အနေနှင့် ကြီးကြီးမားမား ပေးဆပ်ရမည် စသဖြင့် ရေး သားဖော်ပြခဲ့ သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ထားရှိသော ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းကောင်း ဆက်ဆံရေး မူဝါ ဒကို မည်သို့ မျှပြောင်းလဲမည် မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံအကျိုးရှိသော စီးပွားရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Mr. Gao Mingbo က ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်