Saturday, March 09, 2013

မြန်မာ သမ္မတ ဦးသိန်းစိန် နိုဘယ်လ် ဆုရှင် အဖြစ် အမည်တင်သွင်းခံရသော်လည်း မာလာလာနှင့် ကလင်တန်တို့ ထိပ်ကပြေးနေ

Posted by drmyochit Saturday, March 09, 2013, under | No comments

 ၂၀၁၃ ခုနှစ် နိုဘယ်လ် ဆုရှင် အဖြစ် အဆိုပြု ခံရသူ စာရင်း တွင် မြန်မာ သမ္မတ ဦးသိန်းစိန် ပါဝင်နေသော် လည်း  ပါကစ္စ တန် ကျောင်းသူ မာလာ လာနှင့် အမေရိကန် သမ္မတ ဟောင်း ဘီလ်က
လင်တန် တို့မှာ  ရွှေးချယ် ခံရမည့် စာရင်း တွင် ရှေ့ဆုံး ကနေ ပြေးနေကြောင်း သိရ သည်။

နိုဘယ်လ် ဆုရှင် ဒေါ်စုနှင့် နိုဘယ်လ်ဆု ရှင် အမည် စာရင်း တင်သွင်းခံရသူ သမ္မတ ဦးသိန်းစိန်။

တာလီဘန်ကို ဆန့်ကျင်သူ အသက် ၁၅ နှစ် အရွယ် ပါကိစ္စတန် ကျောင်းသူ မာလာ လာမှာ နိုဘယ်လ် ဆုရွေး ချယ် သူများ အကြား ရေပန်းစားနေသော်လည်း သူမ၏ အသက် ငယ်ရွယ် မူကို တချို့ က ထောက်ပြ ပြောဆိုနေကြ သည်ဟု ဆိုသည်။

ယခုနှစ် တွင် နိုဘယ်လ်ဆုရှင်များ အဖြစ် အမည်တင်သွင်းခံရမူမှာ စံချိန်တင်ခဲ့ပြီး စုစုပေါင်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း  ၂၅၉ ထိ ရှိခဲ့သည်။ ထိုအထဲတွင် လူပုဂ္ဂိုလ် ၂၀၉ ဦးနှင့် အဖွဲ့အစည်း ၅၀ ပါဝင်သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမူများကြောင့် အမည်စာရင်း တင် သွင်း ခံခဲ့ရသည်။ အကယ်၍ မြန်မာ သမ္မတ ဦးသိန်းစိန် နိုဘယ်လ်ဆုရှင် အဖြစ် ရွေး ချယ်ခံ ရပါက မြန်မာနိုင်ငံ ၏ ဒုတိယမြောက် နိုဘယ်လ် ဆုရှင် ဖြစ်လာ မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုဘယ်လ် ဆုရှင် ဖြစ်သည်။

အမည် စာရင်း တင်သွင်းနိုင်သူ လူထောင်ပေါင်း များစွာ၏ စာရင်းထဲမှ နိုဘယ်လ်ဆု ချီမြှင့် ခံရ သူအား များမကြာမှီ ရွေး ချယ် မည်ဟု သိရသည်။

သို့သော်လ ည်း ရွေး ချယ်ခံရ သူ အမည်အား လျို့ဝှက်ထားပြီး  ယခုနှစ် အောက်တို ဘာလ အစောပိုင်းတွင် ထုတ်ပြန် ကျေညာမည် ဖြစ်သည်။  ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင် နိုဝေးနိုင်ငံတွင် ဆုချီးမြှင့်မည် ဖြစ်သည်။

ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုဘယ်လ်ဆုကို တီထွင်သူ Philanthropist Alfred Nobel ၏ ကွယ်လွန် သည့်နေ့ ဖြစ်သည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်