Thursday, October 10, 2013

အလိုအလျောက်ငွေထုတ်ယူစက်(ATM) ၂၆ လုံးတွင် ဗုံးထောင်ထားရာ ၁၃ လုံးကွဲ၍ လူ သေဆုံးမှုများဖြစ်ပေါ်

Posted by drmyochit Thursday, October 10, 2013, under | No comments


ဘန်ကောက် ၊ ၁၀-၁၀-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ် ၄ ခုရှိ အလိုအလျောက် ငွေထုတ်ယူစက် ( ATM ) ၂၆ လုံးတွင် ဗုံးများ ထောင်ထား သည်ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း တွင်တွေ့ရှိ ခဲ့ကြောင်း ၊ အများစုမှာ ပေါက်ကွဲ ခဲ့ကြောင်း ၊ ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းတစ်ကျောင်း မီးရှို့ခံခဲ့ ရကြောင်းနှင့် စစ်သည်များ တိုက်ခိုက်ခံ ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

ယာလာပြည်နယ် ၏ Muang ခရိုင်ရှိ ATM စက် ၆ လုံး ၊ Yaha ခရိုင်တွင် ၄ လုံး ၊ Bannang Sata ခရိုင်တွင် ၁ လုံးနှင့် Khok Pho ခရိုင်တွင် ၂ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း ယာလာပြည်နယ် ရဲတပ်ဖွဲ့ ရေဒီယိုက ထုတ်ပြန် ကြေညာ ခဲ့သော်လည်း Muang ခရိုင်နှင့် Khok Pho ခရိုင် တို့တွင် ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲ မှုကြောင့် ၃ ဦး ဒဏ်ရာရရှိ ကြောင်း ရဲဗိုလ်မှူးကြီး Pho Suaysuwan က ပြောကြား ခဲ့သည်ဟု သိရသည်။

ကျောင်းတစ်ကျောင်း အနီးရှိ ATM စက်နှင့် စားသောက်ဆိုင် တစ်ဆိုင် အနီးတွင်လည်း ဗုံး ၂ လုံးတွေ့ရှိ ခဲ့ရာ မပေါက်ကွဲမီ ဖြုတ်သိမ်း နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပတ္တနီပြည်နယ် ငါးဖမ်း စက်လှေ တစ်စီးသည်လည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီး ခံခဲ့ရကြောင်း ၊ Sai Buri ခရိုင်တွင်လည်း ကျောင်းဆရာ တစ်ဦးသည် သူပုန်များ၏ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရပြီး ကျောင်းဆောင် ၃ ဆောင်အား မီးရှို့ ခံခဲ့ရကြောင်း ၊ အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် ဖောက်ခွဲသော လမ်းဘေးထောင် ဗုံးတစ်လုံး ပေါက်ကွဲ မှုကြောင့် စစ်ဘက် တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နာရာသီဝပ် ပြည်နယ်ရှိ ATM စက် ၄ လုံးနှင့် ဆောင်ခလာ ပြည်နယ်ရှိ ခရိုင် ၃ ခုတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
By Myawady Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်