Thursday, October 10, 2013

အမေပေးတဲ့ ဆန်တစ်ခွဲ တစ်တင်းနဲ့ မလဲလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ လူထုကြားရေပန်းစားနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်

Posted by drmyochit Thursday, October 10, 2013, under | No comments


အမေပေးတဲ့ဆန်တစ်ခွဲတစ်တင်းနဲ့ မလဲဆိုသကဲ့သို့ ပြည်သူကအပ်နှင်းခဲ့သော လွှတ်တော်ကိုယ်စား လှယ်တာဝန်ကို လူတစ်ဦးတစ်ယောက်ကပေးအပ်သော အစိုးရအဖွဲ့ရာထူးနှင့် မလဲနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကဆိုသည်။ 

"ပြည်သူလူထုအကျိုးကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆောင်ရွက်လို့ရပါတယ်။သမ္မတဖြစ်မှလုပ်ပေးနိုင်
မယ်လို့တော့ ကျနော့်အနေနဲ့မယူဆပါဘူး။ အမေပေးတဲ့ဆန်တစ်ခွဲ တစ်တင်းနဲ့ မလဲဆိုသလို မျိုး ပြည်သူက အပ်နှင်းခဲ့တဲ့တာဝန်ကို လူတစ်ဦး တစ်ယောက်ကပေးအပ်တဲ့ အစိုးရအဖွဲ့ရာထူး နဲ့မလဲနိုင် ပါဘူး။ ဒီဘဝ အတွက်ကို ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းမှာ သမ္မတ ဝန်ကြီးလုပ်ရမယ် ဆိုတာ မရှိပါဘူး။ သူပြောခဲ့တဲ့စကားတစ်ခွန်းက ဝန်ကြီးဆိုတဲ့ရာထူးထက် လူထုခေါင်းဆောင်ဆိုတဲ့ ရာထူးကိုသာ မက်မောတယ်ဆိုတာပါပဲ"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် ကပြောသည်။

ပေါ်ပေါက်လာသောဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အာဏာရထားသော အစိုးရကိုထိန်းကျောင်းနိုင် ရန် အမှန်ထောက်ပြနိုင်ရန်နှင့် ပြုပြင်နိုင်ရန် လိုအပ်သည်ဟု ယူဆသည့်အတွက် မိမိသည် တာဝန် သိနိုင်ငံရေးသမားကောင်း တစ်ယောက်အနေဖြင့် ဖြတ်သန်းမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။

By Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်