Thursday, October 10, 2013

ဇေကမ္ဘာဦးခင်ရွှေ ကျေးဇူးကြောင့် မလေးရှားမှ မြန်မာများ နေရပ်ပြန်နိုင်တော့မည်

Posted by drmyochit Thursday, October 10, 2013, under | No comments


နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသော မလေးရှား ပြန်လုပ်သား ( ၄၁ )ဦးကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည် ကူညီထောက်ပံ့ရေး ကော်မတီမှ ဒေါက်တာ ခင်ရွှေက သူ၏ ကိုယ်ပိုင် ငွေကြေးဖြင့် စားရိတ်ငြိမ်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

"အဆိုပါလုပ်သား ( ၄၁ )ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း နှင့်ပူးပေါင်း၍ လိုအပ်သည့်ငွေကြေး အထောက်အပံ့များ ပေးသွားမည်ဖြစ်သည်။

နေရပ်သို့ပြန်ရန်အခက်အခဲ ဖြစ်နေသူ ( ၄၆ )ဦး တွင် ၃ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ၊ ၂ ဦးမှာ ၄င်းတို့ အစီအစဉ်ဖြင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ကျန် ( ၄၁ )ဦးမှာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်း ချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ မမာမာဦးကပြောသည်။

"သူတို့တွေ ရဲ့လုံခြုံရေးက ရှိသေးတော့ ပြည်ထဲရေး ဌာနကိုတော့ စာတွေပို့ထားပြီးပြီ တချို့က မှတ်ပုံတင်လည်း မရှိတော့ အခက်အခဲရှိတာပေါ့ အားလုံး အဆင်ပြေအောင်ဆောင်ရွက် သွားမယ်" ဟု ၄င်းကဆက်ပြောသည်။

အဆိုပါ လုပ်သား ( ၄၁ )ဦးအား နေရပ်သို့မပြန်မီ နေထိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်တွင် ထားရှိသွားမည်ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်