Thursday, October 10, 2013

အမှန်တရားသာထွန်းကားမယ်ဆို ကျွန်တော်တို့မြန်မာနိုင်ငံဟာ အင်မတန်နေပျော်လို့ ကောင်းတဲ့ နိုင်ငံဖြစ်လာမှာပါဆိုတဲ့ ဆောင်းဦးလှိုင်

Posted by drmyochit Thursday, October 10, 2013, under | No comments


ကျွန်တော်တို့မြန်မာနိုင်ငံပြည် တွင်းထဲမှာ ကျွန်တော်တို့နဲ့အတူ ဒုက္ခသုခတွေကို မျှဝေခံစားပေးနေ တဲ့အဆိုတော်တွေအများကြီးရှိပါ တယ်။ သူတို့ရဲ့နာမည်ကြီးသီချင်း တွေကလည်း အများကြီးပါပဲ။ သူ တို့ရဲ့ဖျော်ဖြေပွဲတွေ၊ သီချင်းတွေကို ကြည့်ချင်နားထောင်ချင်ပါတယ်။ သူတို့ကို နိုင်ငံခြားကပြန်လာတဲ့အ ဆိုတော်တွေလိုမျိုး ရှိုးကြီးကြီးတွေ လုပ်စေချင်တယ်။ ဟိုကပြန်လာတဲ့ အဆိုတော်ကြီးတွေက ပြန်လာပြီး ပွဲလုပ်တယ်။ သူတို့ပြန်သွားဦးမှာ လားဆိုတာ မသိနိုင်ဘူး။ သူတို့က ကမ္ဘာရဲ့နံပါတ်တစ်နိုင်ငံနတ်ဘုံနတ် နန်းက နတ်စည်းစိမ်တွေကိုခံစားပြီး ပြန်လာတာ။ အဲဒါကြောင့် ကျွန် တော်တို့နဲ့အတူ ဒုက္ခသုခတွေကို မျှဝေ ခံစားပေးတဲ့ပြည်တွင်းကအဆို တော်တွေကို ပိုသံယောဇဉ်ရှိတယ်။ မိုက်ကယ်လန်းလိုအဆိုတော်မျိုး မြန်မာနိုင်ငံကိုလာတာ သွားအား ပေးသင့်တယ်။ ဒါပေမဲ့ ဈေးနည်း နည်းမြင့်လို့ တီဗွီကနေပဲအားပေး ဖြစ်ခဲ့တယ်။ မိုက်ကယ်လန်းပွဲမ အောင်မြင်ဘူးလို့ကြားရတာ စိတ်မ ကောင်းဘူးဗျာ။ မိုက်ကယ်လန်း ကြောင့် မြန်မာနိုင်ငံမှာ နာမည်ကြီး ခဲ့တဲ့အဆိုတော်တွေအများကြီးရှိခဲ့ တယ်။ သူတို့အနေနဲ့ မိုက်ကယ် လန်းကိုသွားအားပေးသင့်တယ်။ မိုက်ကယ်လန်းသီချင်းကို ယူဆိုထား ပြီး အောင်မြင်ပြီးမှ တကယ့်မူပိုင်ရှင် ရောက်လာတော့ သွားအားမပေး တာကို ဘယ်လိုတွေများ ဖြစ်ကုန်ပါ လိမ့်ဆိုပြီးသံဝေဂရမိတယ်။ ဘယ် နိုင်ငံဘယ်လောကတိုးတက်ဖို့ဆိုရင် အမှန်တရားထွန်းကားဖို့တော့ လို အပ်တယ်။ မိုက်ကယ်လန်းပွဲမှာ လူ သိပ်မရှိဘဲ သူ့သီချင်းယူဆိုနေတဲ့ လူတွေရဲ့ပွဲမှာ ပရိသတ်တွေကြိတ် ကြိတ်တိုးနေတာကတော့ အမှန် တရားမထွန်းကားတာလို့ပဲ ကျွန် တော်ထင်တယ်။ ဒီနေ့စီးပွားရေး လောကမှာ တောင်သူလယ်သ မားတွေပိုက်ဆံမရဘူး။ ဆင်းရဲတွင်း နက်နေကြတယ်။ အေ<ကးတွေဝိုင်း နေကြတယ်။ ကျွန်တော်တို့စားသုံး သူတွေမှာလည်း ကုန်ဈေးနှုန်းကျ တယ်ဆိုတာ တစ်ခါမှမရှိဘူး။ စိုက် ပျိုးတဲ့သူကလည်းမရ၊ စားသုံးတဲ့လူ တွေကလည်းမသက်သာ၊ ကြားက ဘယ်သူတွေအမြတ်ကြီးစားနေလဲ ဆိုတာ ဖော်ထုတ်ရမယ်။ အဲဒါ စီး ပွားရေးလောကမှာ အမှန်တရားမ ထွန်းကားလို့ပဲ။ အမှန်ဆိုရင် စိုက် ပျိုးမွေးမြူတဲ့သူတွေလည်း ခံစားခွင့် ရသင့်တယ်။ စီးပွားရေးသမားတွေ ကိုလည်း အမြတ်မယူနဲ့လို့ပြောတာ မဟုတ်ပါဘူး။ အမြတ်ယူပါ။ ဒါပေ မဲ့ နှစ်ဦးနှစ်ဖက်ပြေလည်အောင်အ မြတ်ယူသင့်တယ်လို့ ကျွန်တော်ထင် တယ်။ ဒီနေ့ ကျွန်တော်တို့တိုင်း ပြည်မှာ လူမျိုးရေး၊ ဘာသာရေး မပြေလည်မှုတွေ၊ မကြေလည်မှု တွေဖြစ်နေတာဟာ တိုင်းပြည်မှာ အမှန်တရားမထွန်းကားလို့ပါ။ အ မှန်တရားသာထွန်းကားရင် ကျွန် တော်တို့လူ့ဘောင်ကြီး အင်မတန် နေပျော်သွားမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့မြေသြဇာဟာ ဘာအ ပင်ပဲစိုက်စိုက် အောင်မြင်တဲ့နတ် မြေသြဇာမြေမျိုးဖြစ်သလို မြစ်တွေ၊ ချောင်းတွေကလည်း ရေကောင်း ရေသန့်တွေပေါများတဲ့နိုင်ငံဖြစ်လို့ အမှန်တရားသာထွန်းကားမယ်ဆို ရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ အင်မတန်နေပျော်လို့ကောင်းတဲ့နိုင် ငံတစ်ခုဖြစ်လာမှာပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်