အာဂျင်တီးနားနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် လင်ဒရိုဂရန်နက်တူ (Leandro Granato) ဆိုသူသည် ပန်း ချီဆွဲသည့် ရေဆေးများကို မျက်လုံးထဲမှ ပန်းထွက်လာအောင်ပြုလုပ်ပြီး ကင်းဗတ်စပေါ်တွင် ပန်းချီရေး ဆွဲနိုင်သူဖြစ်သည်။
ပန်းချီကားတစ်ခု ရေးဆွဲနိုင်ရန် ရေဆေး ၈ဝဝ မီလီလီတာခန့်ကို နှာခေါင်းမှစုပ်ယူပြီး မျက်လုံးမှပန်း ထုတ်ရသည်။ ၄င်း၏ ထူးခြားသော ပန်းချီကားတစ်ချပ်တိုင်းအတွက် စတာ လင်ပေါင် ၁၅ဝဝဖြင့် ဝယ်ယူ လိုကြသည်။
''ထူးခြားသည့် စွမ်းရည်ပိုင်ဆိုင် နေခြင်းကို ကလေးဘဝကတည်းက သတိထားမိခဲ့ပါတယ်၊ အရွယ်ရောက် လာတော့ မျက်လုံးထဲကနေ လေနဲ့ အရည်တွေကို ပန်းထုတ်နိုင်တဲ့ စွမ်းရည် ကို အသုံးချပြီး ကမ္ဘာပေါ်မှာ ပန်းချီရေး ဆွဲနည်းသစ်ကို တီထွင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့စွမ်းရည်ကို သဘောကျသူ တွေရှိသလို သဘောမကျတဲ့သူတွေ လည်း ရှိပါတယ်။ တချို့က ကျွန်တော့်ကို ရူးမိုက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ချိန် မှာတော့ ကျွန်တော့်ကို မျက်လုံး နဲ့ပန်းချီရေးဆွဲသူလို့ လက်ခံလာမှာပါ'' ဟု
ဂရန်နက်တူက ပြောသည်။
Ref: Metro
Time in Rangoon


0 comments:
Post a Comment