Thursday, October 10, 2013

မြန်မာငွေ သိန်း ၄၀ ကျော်တန် ရွှေအစစ်နဲ့ လုပ်ထားသော HTC One ဖုန်းရောင်းနေပြီ

Posted by drmyochit Thursday, October 10, 2013, under | No comments


ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ HTC One ဖုန်းကို တကယ် ထုတ်လုပ် ရောင်း ချနေ ပါပြီ။ ဗြိတိန်နိုင်ငံက ဇိမ်ခံပစ္စည်း အလှဆင် ကုမ္မဏီ တစ်ခုနဲ့ ပါတနာ ဖွဲ့ပြီး HTC One တွေကို ရွှေဖုန်း ဖြစ်အောင် ဖန်တီးလိုက်ခြင်းပါ။ 

ဗြိတိန်ပေါင် ၂၇၅၀ ကန်ကျပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၄၃၈၃ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်ကနေ မှာယူချင်ရင် ၄၅ သိန်းတော့ ရှိနေဖို့ လိုပါလိမ့်မယ်။ ၁၈ ကာရပ်အဆင့်ရှိတဲ့ တကယ့် ရွှေ အစစ်ကို အသုံးပြုလို့ အပြင် အခွံကို ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ အတွင်းက နည်းပညာနဲ့ ပစ္စည်းများကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ဒါကိုမှ ဈေးကြီးသေးတယ်ဆိုရင် HTC က ပေးတဲ့ နောက်ထပ် Option တစ်ု ရှိပါသေးတယ်။ လက်ရှိ ကိုင်နေတဲ့ HTC One ကိုပဲရွှေအလွှာ ဖုံးပေးခြင်း ဖြစ် ပါတယ်။ 24ct gold ပမာဏနဲ့ ဖြစ်ပါတယ်။ ဒီတော့ ကုန်ကျ စရိတ်က ဗြိတိန်ပေါင် ၉၈၇ ပါ။ အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၁၅၇၃ ဒေါ်လာ အထပ် ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်တော့ ၁၃ သိန်းလောက်တော့ အောက်ထစ် ရှိပါတယ်။ ဖုန်း တန်ဖိုးနဲ့ပါ တွက်မယ်ဆိုရင် စုစုပေါင်း သိန်း ၂၀ ရှိရင်လည်း ရွှေအလွှာ အစစ်ဖုန်းထားတဲ့ HTC One ကို ပိုင်ဆိုင်နိုင်ပါသေးတယ်။

ဒီအတွက် HTC ကနေ အော်ဒါမှာယူသူများ အတွက် ပြုလုပ် ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ။်
.
Ref: pocketlint
By Aung Kham ( K & N Mobile and Online Store )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်