Thursday, October 10, 2013

ဇနီးဖြစ်သူမင်းသမီးက အပြာရိပ်လွှမ်းတဲ့ ဇာတ်ဝင်ခန်းရိုက်တာတောင် နားလည်ပေးနိုင်သော ခင်ပွန်းတစ်ဦး

Posted by drmyochit Thursday, October 10, 2013, under | No comments


ရုပ်ရှင် ဇာတ်ကားများတွင် အဖော်အချွတ် ဇာတ်ဝင်ခန်းမျာအတွက် သရုပ်ဆောင်ရသည့်တိုင် ခင်ပွန်း သည်က အေးအေးလူလူ နားလည်မှုရှိရှိနှင့် လက်ခံ အားပေးကြောင်း ဂွင်းနက်သ် ပက်ထရိုက ပြောကြား လိုက်သည်။ Iron Man ဇာတ်ကားများမှ မင်းသမီးက ခင်ပွန်းသည် ခရစ်မာတင်သည် သူမ၏ အပြာရိပ် လွှမ်းသော ရုပ်ရှင် ဇာတ်ဝင်ခန်းများကို သက်တောင့်သက်သာပင် ကြည့်ရှုနိုင်သူဟု မှတ်ချက်ပြုခဲ့သည်။ အသက်(၄၁)နှစ်ရှိ ဂွင်းနက်သ်သည် Thanks For Sharing ဇာတ်ကားတွင် လိင်စွဲလမ်းမှု ပြင်းထန်နေသည့် အဒမ် (မင်းသား မာ့ခ်ရက်ဖ်ဖာလို) ရှေ့မှောက်၌ အနက်ရောင် အတွင်းခံ အဝတ်အထည်များနှင့် ရမ္မက်နှိုးဆွ ကပြနေရသည့် ဇာတ်ဝင်ခန်းမျိုး သရုပ်ဆောင်ထားသည်။ ဂွင်းနက်သ်က သူမနှင့် (၉)နှစ်ကျော် ပေါင်းသင်းခဲ့သည့် ခရစ်က ယင်းဇာတ်ဝင်ခန်းမျိုးကို မည်သို့မျှ သဘောမထားကြောင်း ပြောဆိုသွားသည်။

ဂွင်းနက်သ်သည် ဗြိတိသျှ Rockဂီတအဖွဲ့ Cold Playကို ထူထောင်သူ တစ်ဦးဖြစ်သည့် ခရစ်နှင့် (၂၀၀၃)ခုနှစ် နှောင်းပိုင်းက လက်ထပ်ခဲ့ပြီး ကလေးနှစ်ဦး ရရှိထားသည်။ ဗြိတိသျှ ရုပ်မြင်သံကြား အစီအစဉ် Lorraineနှင့် အင်တာဗျူးတွင် ဂွင်းနက်သ်က "ခရစ်ဟာ ကျွန်မရဲ့ ဇာတ်ဝင်ခန်း အားလုံးကို နားလည်မှု အပြည့် သက်တောင့်သက်သာ ကြည့်ရှုပေးနိုင်သူပါ။ ခုဇာတ်ကားမှာလည်း ဒီလိုရိုက်ချက်မျိုး ပါလာမယ် ဆိုတာကို ဇာတ်ညွှန်း ရကတည်းက ကျွန်မသူ့ကို ပြောပြပြီး လုပ်သင့် မလုပ်သင့် မေးခဲ့တယ်။ သူက ရုပ်ရှင်တွေကို ချစ်တဲ့သူပါ။ အနုပညာကိုလည်း နားလည်မှု ရှိပါတယ်။ ကျွန်မအနေနဲ့ ရွေးချယ် သင့်တယ်ထင်ရင် ရွေးချယ်ဖို့ သူက တိုက်တွန်းခဲ့တယ်"ဟု ပြောဆိုခဲ့သည်။

သူမက ရမ္မက်နှိုးဆွသည့် ပုံရိပ်မျိုး ဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်ရချိန်၌ အခက်တွေ့ခဲ့သော်လည်း တွဲဖက်မင်းသား မာ့ခ်က နားလည်မှုရှိရှိ ကူညီပေးခဲ့ကြောင်းလည်း ဆိုသည်။ "အတွင်းခံ အဝတ်အစားတွေ ဝတ်ပြီး ဒီလို သရုပ်ဆောင်ရတဲ့ အချိန်မှာ ကျွန်မ တော်တော်လေး တုန်လှုပ်ခဲ့မိတယ်။ ဒါပေမဲ့ ချောချောမောမော အဆင်ပြေခဲ့ပါတယ်။ မာ့ခ်က သိပ်ကို လူကြီးလူကောင်း ပီသသူပါ။ ရယ်ရယ်မောမော ပြောဆိုရင်း အရာရာ လွယ်လွယ်ကူကူ ဖြစ်သွားအောင် သူက အကြံပေးခဲ့ပါတယ်"ဟု ဂွင်းနက်သ်က မှတ်ချက်ပြုသွားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်