Thursday, October 10, 2013

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲတွင် ကပြဖျော်ဖြေမည့် ကျောင်းသား၊ ကျောင်းသူများအား စာသင်ချိန်များအစား ပြန်လည် သင်ပေး သွားရန်ရှိ

Posted by drmyochit Thursday, October 10, 2013, under | No comments


ပညာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲမှာ ကူညီပါဝင်ကပြ ဖျော်ဖြေကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စာသင်ချိန်ကို အစား ပြန်ပေးပြီး သင်ကြား ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို သင်ကြားရာ မှာတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက် အပြီး ကျောင်းပြန်ဖွင့်တဲ့ အချိန်မှ စတင်ကာ အဆိုပါ ဆီးဂိမ်းမှာ ဖြေဖျော် ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို ပုံမှန် ကျောင်းဖွင့်ရက် တွေမှာ စာသင်ချိန် ၁ ချိန်စီ တိုးပြီး ကျောင်းဖွင့်ရက် တွေမှာ ပြန်လည် ပို့ချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေနေ့ တစ်ရက် ကိုလည်း အချိန်ပြည့် တစ်ရက်ယူကာ အစား ပြန်လည် သင်ကြား ပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု ကျင်းပမယ့် ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲမှာ ဖြေဖျော်ကြမယ့် ကျောင်းသား၊ ကျောင်းသူ များဟာ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း အရွယ် ကျောင်းသား၊ ကျောင်းသူများ အပြင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများဟာ ယခုလက်ရှိမှာ Sea Game ပြိုင်ပွဲ အတွက် အဆို၊ အက လေ့ကျင့်မှု တွေကို အဖွဲ့လိုက် ပြုလုပ် လျက်ရှိပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဆီးဂိမ်း ကာလပြီးစီးတဲ့ အထိ ပါဝင်ဖြေဖျော်မယ့် သူအားလုံးကို Camp ၀င်ပြီး လေ့ကျင့်မှု တွေကို ပြုလုပ် သွားဖို့ ရှိတာ ဖြစ်တယ် လို့လည်း ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကပြ ဖျော်ဖြေရေး အတွက် တာဝန်ယူ ထားတဲ့ တာဝန်ခံ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်