သံတွဲနဲ့ ကျေးရွာတွေမှာ ထုတ်ပြန်ထားတဲ့ မနက် ၆ နာရီကနေ ည ၆ နာရီ မထွက်ရ မိန့်ကို ငပလီ ကမ်းခြေနဲ့ ဟိုတယ်ဇုန်မှာ ရုပ်သိမ်းလိုက်ပြီလို့ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လှည့်လည် ကြေညာ ခဲ့ကြောင်း ဒေသခံ ဦးမောင်မောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း သံတွဲမြို့နဲ့ သဗြုချိုင်၊ ပေါက်တောအပါအ၀င် ကျေးရွာတချို့မှာ လူ ၅ ဦးသေ အများအပြား ဒဏ်ရာရပြီး အိမ်ခြေ ၇၀ လောက် မီးလောင်ဖျက်ဆီးခံရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် အစိုးရဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် သံတွဲကို လာရောက်စဉ်ကတည်းက ဒေသခံတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက ငပလီ ကမ်းခြေ သာယာရေး အကူအညီပေးဖို့၊ ညမထွက်ရ အမိန့် ရုပ်သိမ်းပေးဖို့ ပြောဆိုတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ငပလီ ကမ်းခြေနဲ့ အနီးနား ရွာတချို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပေမယ့် သံတွဲနဲ့ အခြားနေရာတွေ မှာတော့ ရုပ်သိမ်းခြင်း မပြုရသေးပါဘူး။
by ဒီဗွီဘီ
Time in Rangoon


0 comments:
Post a Comment