Thursday, October 10, 2013

အင်ချွန်လူငယ် ဘောလုံးပွဲတော်တွင် အာရှထိပ်သီးအသင်းများကို အနိုင်ယူပြီးမြန်မာအသင်းပထမရရှိ၊ မြန်မာအသင်းခြေစွမ်းကို အားကျ၍ အာရှ ၂ နိုင်ငံမှ ခြေစမ်းပွဲကစားပေးပါရန်ကမ်းလှမ်း၍ အပိုနှစ်ပွဲ ကန်ပေးခဲ့ရ

Posted by drmyochit Thursday, October 10, 2013, under | 1 comment


မြန်မာနိုင်ငံမှ လူငယ်ဘောလုံးအသင်း နှစ်သင်းသွားရောက်ယှဉ်ပြိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံ အင်ချွန် လူငယ်ဘောလုံးပွဲတော်တွင် မြန်မာယူ- ၁၂ အသင်းပထမရရှိ သွားခဲ့သည်။

အဆိုပါ ဘောလုံးပွဲတော်ကို အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ယူ- ၁၀နှင့် ယူ- ၁၂ အသင်းနှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာယူ-၁၂ အသင်းသည်ကိုရီးယား (coramdeo) အသင်းကို ၁-၀ ဂိုး၊ ဥဇဘတ် ကစ္စတန်အသင်းကို ၁-၀ ဂိုး၊ ဗီယက်နမ်အသင်းကို ၄-၃ ဂိုးတို့ဖြင့် အနိုင်ရပြီး ပထမရခဲ့ခြင်းဖြစ်သည်။

ဘောလုံးပွဲတော်တွင်မြန်မာယူ-၁၂ အသင်း၏ ခြေစွမ်းကို ပြိုင်ဖက်များချီးကျူးခဲ့ကြပြီး ဗီယက်နမ်နှင့် ယီမင်အသင်းများ ကခြေစမ်းကစားလိုသည်ဟု ကမ်းလှမ်းခဲ့သည့်အတွက် အပိုနှစ်ပွဲ ကစားခဲ့ကြောင်းလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ ဦးဝင်းသူမိုးက မဇ္ဈိမသို့ပြောသည်။

“ဒီဘောလုံးပွဲတော်က အာရှဒေသအတွင်းက နိုင်ငံတွေ ဘောလုံးအဆင့်အတန်း တိုးတက်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာပါ။ မြန်မာလူငယ်တွေရဲ့ ဘောလုံးစွမ်းရည်ကို ပြိုင်ဖက်နိုင်ငံတွေက သဘောကျ ချီးကျုးမှုတွေ လုပ်ခဲ့ ကြပါတယ်။ ကလေးတွေအနေနဲ့လည်း သူတို့ဘ၀မှာ အမြဲအမှတ်ရနေမှာပါ။

မြန်မာယူ-၁၂အသင်းက ပထမရခဲ့လို့ အထိမ်းအမှတ် ဆုဖလားနဲ့ ဆုတံဆိပ်တွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ ကေလိဂ်ပွဲစဉ်တစ်ပွဲကိုလည်း ကြည့်ရှုလေ့လာခဲ့ပါတယ်” ဟု ဦးဝင်းသူမိုးက ဘောလုံးပွဲတော် အတွေ့ အကြုံကို ရှင်းလင်းပြောကြားခဲ့သည်။

အင်ချွန်လူငယ်ဘောလုံးပွဲတော်ကို အာရှနိုင်ငံပေါင်း ၄၂ နိုင်ငံမှ လူငယ်ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင် ခဲ့ပြီးမြန်မာလူငယ်အသင်းများကိုလူရွေးပွဲကျင်းပကာ ရွေးချယ်ဖွဲ့စည်းပြီး ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
By Mizzima

1 comments:

အဲဒီဘောလုံးပွဲတွေထဲက မြန်မာပွဲတွေ ကြည့်ချင်ပါတယ် ကျေးဇူးပြု၍ လင့်ကလေး ပေးပါဗျာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်