Thursday, October 10, 2013

တိရစ္ဆာန်အစာနှင့် ဆေးဝါးများ စနစ်တကျ မှတ်ပုံတင် ထားရှိနိုင်ရန် လိုအပ်လျက်ရှိ

Posted by drmyochit Thursday, October 10, 2013, under | No comments


မြန်မာနိုင်ငံရဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍရှိ တိရစ္ဆာန်များရဲ့ အစာနဲ့ ဆေးဝါးများမှာ စနစ်တကျ မှတ်ပုံတင် ထားရှိနိုင်ဖို့ လိုအပ် နေတယ်လို့ မြန်မာနိုင်ငံေ မွးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုအခါ ပြည်တွင်းမှာ မွေးမြူရေး အစားအစာနဲ့ ဆေးဝါးများဟာ ဥပဒေနဲ့ အညီ တရားဝင် မှတ်ပုံတင် ထားခြင်း မရှိဘဲ ဖြန့်ဖြူး ရောင်းချမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် တိရစ္ဆာန်များရဲ့ အစားအစာနဲ့ ဆေးဝါးများမှာ ဘေးကင်း လုံခြုံမှု အားနည်းနေပြီး မွေးမြူ ထုတ်လုပ်တဲ့ အသား ငါးများမှာလည်း အရည်အသွေး ကောင်းမွန်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု တို့မှာ နှေးကွေး နိုင်စေမှာ ဖြစ်ပါတယ်။ ဒီလို မွေးမြူရေး တိရစ္ဆာန်များရဲ့ ဆေးဝါးဥပဒေ၊ အစားအစာ ဥပဒေ ရေးဆွဲပြီး ထိန်းသိမ်း ကာကွယ် နိုင်ဖို့အတွက် ကိုတော့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနဲ့ ညှိနှိုင်းကာ FDA ဥပဒေများနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ အဆိုပါ ဥပဒေများကို ရေးဆွဲ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အသား၊ ငါး မွေးမြူရေး ကဏ္ဍမှာ အခုလို စနစ်တကျ မှတ်ပုံတင်ထားမှု မရှိသေးတာ ဖြစ်တဲ့အတွက် ပြည်ပနိုင်ငံများမှ အစာနဲ့ ဆေးဝါးများကို အသုံးပြု မွေးမြူနေရပြီး လက်ရှိ မှာလည်း ပြည်တွင်းမှာ ထိုင်းနိုင်ငံမှ တရားဝင်ဆေးဝါး ကုမ္ပဏီ တစ်ခုက လာရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့လည်း အခုလို တိရစ္ဆာန်အစာနဲ့ ဆေးဝါးများမှာ စနစ်တကျ ဥပဒေများ ရေးဆွဲပြီး မှတ်ပုံတင်များ ထားရှိနိုင်ခဲ့ပါက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချရာမှာ အကျိုးရရှိ စေမှာ ဖြစ်သလို မွေးမြူရေး တိရစ္ဆာန်များ အတွက်လည်း ဘေးကင်း လုံခြုံတဲ့ အစားအစာနဲ့ ဆေးဝါးများကို အသုံးပြု မွေးမြူနိုင် စေမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်