Thursday, October 10, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပြန်

Posted by drmyochit Thursday, October 10, 2013, under | No comments


၇-၁၀-၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၈၂/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မေဂသီရိ ရပ်ကွက်နေ အောင်မင်းထွေး (ခ)ရာဖစ်(၄၃)နှစ်မောင်းနှင်လာသည့် ၅/xxxx မာဇဒါဘန်ဂိုပစ်ကပ် အဖြူရောင်ယာဉ်မှာ တိုက်ရော့ပြုတ်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်တွင် ကာရံထားသော သံတန်းအား ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မှာ ရှေ့ဝဲဘက်ဘီးကျွတ်ထွက်၊ ရှေ့ဘန်ဘာပိန်ချိုင့်၊ ရှေ့လေကာမှန် ကွဲအက်၊ တန်ဘိုးငွေကျပ်(၃၀၀၀၀၀ိ/-)ခန့်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မင်းထွေး (ခ) ရာဖစ်အား သီးကုန်းအမြန်လမ်းရဲစခန်းယာဉ်(ပ)၂၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
By ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်