Thursday, October 10, 2013

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပြား၌ ဖယောင်းသုတ်သည်ဟူသော တိုင်ကြားမှုနှင့် ပတ်သက်၍ NLD မှ ဦးဥာဏ်ဝင်းအား တရားရုံးမှ ဒဏ်ငွေ တစ်ထောင်ချမှတ်ခံရ

Posted by drmyochit Thursday, October 10, 2013, under | No comments


နေပြည်တော်၊အောက်တိုဘာ (၁၀)ရက်

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့် မဲပြားများ ဖယောင်းသုတ်ထားသည် ဆိုသော တိုင်ကြားမှု နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားမှုကိုပုဗ္မသီရီမြို့နယ်တရားရုံးက ငွေဒဏ် ကျပ်တစ်ထောင် ကျခံစေရန်အမိန့်ချမှတ်လိုက်သည်။

ကြားဖြတ်ရွေးးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဦးခင်မောင်သိန်း (စစ်ကိုင်း မြို့) ဦးဖြိုးမင်းသိန်း (လှည်းကူးမြို့နယ်)ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွှန့်မြို့နယ်)ဒေါ်တင်တင်ရီ (ကျွန်းစု မြို့နယ် ) တို့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးကောက်ခံရပြီးနောက် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီဆောင်ရွက် ခြင်းမရှိဟုဆိုကာ အသီးသီး တရားစွဲဆိုခံခဲ့ရသော်လည်းအားလုံးမှာ အမှုနိုင်ခဲ့ ကြသည်။ 
စိုင်းနောင်
By Popular Myanmar News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်