စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကျွန်းတော် အနောက်ကျေးရွာ၌ အောက်တိုဘာလ ၇ ရက်က၊ မိမိကိုယ်ကိုကြိုးဆွဲချ သတ်သေရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့သည်။ ယင်းသို့ ကြိုးပမ်းမှုကို မြင်တွေ့သည့် ကြိုးဆွဲချရန် ကြိုးပမ်းသူ၏ ဇနီးက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားခဲ့သည့်အတွက် အချိန်မီ တားဆီးနိုင်ခဲ့သည်။
ယင်းသို့ ကြိုးဆွဲချရန် ကြံစည်သူမှာ နေအိမ် ကြက်ခိုးစင်ရှိ အ၀တ်လှန်းဝါးလုံးတန်းကို အရှည်ငါးတောင်ရှိ ကြိုးဖြင့် ချည်နှောင်ကာ မိမိကိုယ်ကိုသတ်သေရန် ကြိုးစားနေကြောင်းကို မင်းကင်းမြို့မရဲစခန်းမှ ရဲအုပ်နှင့် တကွတာဝန်ရှိ သူများက တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
သို့အတွက်ကြောင့် မိမိကိုယ်ကိုသေကြောင်း ကြံစည်သူအား ရဲအုပ်သိန်းနိုင်မှ တရားလိုလုပ်ကာ ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့သည့်အတွက် မင်းကင်းမြို့မရဲစခန်းက (ပ) ၈၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားသည်။
By Mizzima
Time in Rangoon


0 comments:
Post a Comment