Thursday, October 17, 2013

နောဝှစ်ခ်ျနှင့်ပွဲကို အိုဇေးလ် လွဲချော်ဖွယ်ရှိနေ

Posted by drmyochit Thursday, October 17, 2013, under | No comments


အာဆင်နယ် ကွင်းလယ်လူ မီဆွတ်အိုဇေးလ် အနေဖြင့် နောဝှစ်စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဆွီဒင်ကို (၅-၃)ဖြင့် အနိုင်ရသည့် နိုင်ငံတကာ ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိသွားခဲ့သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့က Scanဖတ် စစ်ဆေးမှု ခံယူထားပြီး ရလဒ်ကို အာဆင်နယ်က စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၅)သန်းဖြင့် အာဆင်နယ်က ဝယ်ယူထားသည့် ကစားသမားသည် ဒဏ်ရာအခြေအနေ ဆိုးရွားဖွယ် မရှိသော်လည်း နောဝှစ်ခ်ျနှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန် ရာခိုင်နှုန်း နည်းပါးနေကြောင်း သိရှိရသည်။

အိုဇေးလ်ကို ဒဏ်ရာရစဉ် ကုသမှုပေးခဲ့သည့် ဂျာမန် ဆေးအဖွဲ့ကိုလည်း အာဆင်နယ်က ဆက်သွယ်ဆွေးနွေး မှုများ ပြုလုပ်ထားသည်။ အိုဇေးလ်သည် ၎င်း၏ အသက်(၂၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျာမနီအတွက် ဂိုးသွင်းခဲ့ပြီးမှ ဒဏ်ရာရသွားခြင်း ဖြစ်သည်။ ပွဲချိန် (၄၄)မိနစ်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်၌ ၎င်း၏ (၈)ဂိုးမြောက်ကို ဆွီဒင်ခံစစ်မှူး နှစ်ဦးကြားမှ အိုဇေးလ်က ကန်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျာမနီသည် ခြေစစ်ပွဲအားလုံး ပြီးဆုံးချိန်တွင် (၁၀)ပွဲကစား၊ (၉)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ဖြင့် ပြတ်ပြတ်သားသား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
soccer myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်