Thursday, October 17, 2013

ကြည့်ဖူးသူတိုင်းကြိုက်ကြမည့် Gravity ၀င်ငွေအကောင်းဆုံးဖြစ်နေ

Posted by drmyochit Thursday, October 17, 2013, under | No comments


သည်းထိတ်ရင်ဖို သိပ္ပံရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်သည့် Gravity သည် မြောက်အမေရိကတွင် လူအကြိုက် အများဆုံးအဖြစ် ဆက်လက်ရပ်တည် လျက်ရှိပြီး ဒုတိယ ရက်သတ္တပတ် အကုန်ထိ နံပါတ် တစ်နေရာတွင် ရပ်တည် လျက်ရှိကြောင်း သိရသည်။

ဆန်ဒရာဘူးလော့စ်နှင့် ဂျော့ကလူးနီတို့ ပါဝင် သရုပ်ဆောင်ထားသော အဆိုပါ အာကာသ သိပ္ပံ ဇာတ်ကားသည် ယခု ရက်သတ္တပတ် အကုန်တွင် လက်မှတ် ရောင်းချမှုမှာ အမေရိကန် ဒေါ်လာ ၄၄ ဒသမ ၃ သန်းရရှိမည်ဟု မျှော်မှန်း ထားကြောင်းနှင့် အောက်တိုဘာ ၄ ရက်က ပွဲဦးထွက် ပြသစဉ် လက်မှတ် ရောင်းချမှုသည် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဆိုပါ ဇာတ်ကားသည် အောက်တိုဘာ ၁၅ ရက်က လက်မှတ် ရောင်းချမှု အမေရိကန် ဒေါ်လာ သန်း ၁ဝဝ စံချိန်တင် ရောင်းချ ခဲ့ပြီးနောက် ဆယ်ရက်အတွင်း အသားတင် အမြတ်ငွေ အမေရိ ကန် ဒေါ်လာ ၁၂၃ ဒသမ ၄ သန်း ရရှိထားသည်။ မြောက်အမေရိက၌ ယခု ရက်သတ္တပတ် အကုန်က လူကြိုက် အများဆုံး ရုပ်ရှင်ဇာတ်ကား ၁ဝ ကားစာရင်းတွင် Machetc Kills ၊Runner Runner ၊ Prisoners ၊ Insidious Chapter ၊ Rush ၊ Don Jonနှင့် Baggage Claim ဇာတ်ကားတို့ ပါဝင်ကြောင်း သိရသည်။ 
By မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်