Thursday, October 17, 2013

အသက် ၁၈ နှစ်အရွယ် မိန်းကလေး ကြိုးဆွဲချသေဆုံး

Posted by drmyochit Thursday, October 17, 2013, under | No comments


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ် ခရိုင်ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်ခြံဝန်းအတွင်းရှိ ကားဂိုဒေါင်ထဲ မှ ထုတ်တန်းတွင်ကြိုးပေါင်းတည်မြို့နယ် သဲမဲရွာနေထိုင်သူ (ဘ)ဦးမြစိုး၏သမီး မရီရီစိုး (၁၈)နှစ် သည်ကြိုးဆွဲချသေဆုံးနေလျှက်ရှိခဲ့သည် အဆိုပါ မိန်းကလေးသည် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ်ခရိုင်ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်တွင် အိမ်ဖော်လုပ်ဆောင်နေသူဖြစ်ပြီး သေဆုံးနေစဉ် တာဝန်ရှိသူများမှ သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိ ကြိုးကွင်းစွပ်သည့်ဒဏ်ရာသာတွေ့ရှိခဲ့ပါသည်။

အဆိုပါမိန်းကလေးသေဆုံးမှု မှာ (၁၆.၁၀.၂၀၁၃)ရက်နေ့ (၆း၅၀)အချိန်ခန့်တွင် သေးဆုံးလျှက်ရှိပြီး တာဝန်ရှိသူ များမှ အသိသက်သေများရှေ့တွင် အလောင်းအား ဖြုတ်ယူပြီး ပြည်မြို့ ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်အပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါသေဆုံးမှု့နှင့်ပက်သတ်ပြီးပြည်အမှတ်(၃)စခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်း(လ.၁၈၆၇၀၉)မှ တရားလိုပြုလုပ်တိုင်တန်းထားပြီး (၈/၂၀၁၃) သေမှုသေခင်းဖြင့် ပြည်အမှတ်(၃)စခန်းမှုးထံသို့ ဓမ္မတာအတိုင်းသေဆုံးသည်
ဟုတ်မဟုတ်စစ်ဆေးပေးပါရန် တတိုင်တန်းထားကြောင်းသတင်းရရှိခဲ့ပါသည်။

By ပြည်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်