Thursday, October 17, 2013

မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် မန်ယူနိုက်တက်၏ ပရီးမီးယားလိဂ် ဆုဖလား

Posted by drmyochit Thursday, October 17, 2013, under | No comments


မန်ချက်စတာ ယူနိုက်တက် အသင်း ဆွတ်ခူး ခဲ့သည့် အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ အတွက် လှည့်လည် ပြသ သွားမည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်မှာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားသည်။

ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီး၏ ခရီးစဉ်ကို DHL မှ ကူညီ ပံ့ပိုးပေးထားခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံက မြို့ပေါင်း ၃၀ ကျော်မှာ လှည့်လည် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ဆုဖလား ခရီးစဉ်ဟာ အချိန် ၅ လကျော် ကြာမြင့်မည် ဖြစ်ပြီး ခရီးစဉ် ရက်အတိအကျကို မကြာမီ ကြေငြာသွားမည် ဖြစ်သည်။

အောက်တိုဘာ

ရီယို ဒီ ဂျနေရိုး (ဘရားဇီး)

နိုဝင်ဘာ

ဆာအိုပေါ်လို (ဘရာဇီးလ်)၊ ဆန်တီယေဂို(ချီလီ)၊ ဂွာယာကွေးလ် (အက်ကွေဒေါ)၊ မက္ကဆီကို စီးတီး (မက္ကဆီကို) ဒီဇင်ဘာ

စင်္ကာပူ၊ ဟိုချီမင်း (ဗီယက်နမ်)၊ ဂျကာတာ (အင်ဒိုနီးရှား)၊ တိုင်ပေ (ထိုင်ဝမ်)၊ ဆိုးလ် (တောင်ကိုရီးယား)၊ ရှန်ဟိုင်း (တရုတ်)၊ ကွမ်ကျိုး (တရုတ်)၊ ဟောင်ကောင်

ဇန်နဝါရီ

ဒေလီ၊ မွန်ဘိုင်း (အိန္ဒိယ)၊ ဒူဘိုင်း (ယူအေအီး)၊ ရီယာ့ဒ် (ဆော်ဒီ အာရေဗျ)၊ ဒိုဟာ (ကာတာ)

ဖေဖော်ဝါရီ

လော့စ် အိန်ဂျလိဂ်စ်၊ ဆန်ဖရန်ဆစ်စကို၊ ချီကာဂို၊ နယူးယောက်ခ် (ယူအက်စ်အေ)၊ ဘန်ကောက် (ထိုင်း)

မတ်

မြန်မာ၊ ကွာလာလမ်ပူ (မလေးရှား)၊ တိုကျို (ဂျပန်)၊ မော်စကို (ရုရှား)၊ အီစတန်ဘူလ် (တူရကီ)၊ ကိုပင်ဟေဂင် (ဒိန်းမတ်)၊ အော်စလို (နော်ဝေ)၊ ဘေဆယ် (ဆွစ်ဇာလန်)

Ref - football-cafe.com

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်