Thursday, October 17, 2013

ဗုံးခွဲမှု သံသယရှိသူ နှစ်ဦး ၂၄နာရီအတွင်း ဖော်ထုတ်ရရှိဟု အစိုးရထုတ်ပြန်သံသယရှိသူများ တရားခံမဟုတ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ နာမည်ပျက်မည်ဟု ဦးကိုနီပြော

Posted by drmyochit Thursday, October 17, 2013, under | No comments


အစိုးရကတိုင်းဒေသကြီးအချို့၌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုဖြစ်စဉ်များ၌ ပါဝင်ကျူးလွန်ခဲ့သည်ဟု သံသယရှိသူအချို့ကို၂၄ နာရီအတွင်း ဖော်ထုတ်ရရှိ ခဲ့ကြောင်းအောက်တိုဘာ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့သည့်အတွက် ယင်းသံသယ ရှိသူများသည် ပြစ်မှုကျူးလွန်သည့် တရားခံမဟုတ်ခဲ့ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ နာမည်ပျက်သွား မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက စံတော်ချိန်သို့ ပြောဆိုသည်။

တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုဖြစ်ရပ် များတွင် ပါဝင်ကျူးလွန်သည် ဟူ၍စောထွန်းထွန်း(ရှာဖွေဆဲ)နှင့် စောမြင့်လွင်(ခ) မောထ(ဖမ်းမိ)တို့ကို သံသယ ရှိသူများအဖြစ် သတ်မှတ်ထားသည့်အပေါ် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ 

" ရဲတပ်ဖွဲ့က သံသယရှိပြီလို့ဆိုကတည်းက သူတို့မှာ သဲလွန်စ၊ အကြောင်း အချက်ရှိ လို့သာ ပြောတာပါ။ ရဲတပ်ဖွဲ့ အနေနဲ့ တော်ရုံနဲ့တော့ သံသယရှိသူလို့ တော့ပြောလို့မရပါဘူး။ မဟုတ် ရင်သူတို့ အဖွဲ့အစည်း သိက္ခာကျမယ်လေ၊ နာမည် ပျက်မှာလေ" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရှာဖွေနေဆဲ သံသယရှိသူ ဖြစ် သည့် စောထွန်းထွန်းသည် အောက်တိုဘာ ၉ ရက်တွင် ပဲခူး တိုင်းဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသော ဇေယျာဟိန်း ယာဉ်လိုင်းပေါ်၌ တွေ့ရှိရသော ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ် စဉ်နှင့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းအပေါ် ထပ်၊ အခန်း အမှတ်(၆)၌ ပေါက်ကွဲ မှုဖြစ်စဉ် စသည့် ဖြစ်ရပ် များတွင် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ယူဆထား၍ သံသယ ရှိသူအဖြစ် သတ်မှတ် ထားခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 

ယင်းအပြင် အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေးကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင် ပေါက်ကွဲမှုဖြစ် စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိ နစ်ခန့်တွင် သာကေတမြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုးအနီး ပေါက်ကွဲ ခဲ့သည့် ဖြစ်စဉ်၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်က အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင်ရှိ စားပွဲခုံအောက်၌ ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က ကျောက်တံတားမြို့နယ်ရှိ ကုန်သည်ကြီးများဟိုတယ်၊ ကိုးလွှာ၊ အခန်းအမှတ်(၉၂၁)၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု စသည့် ဖြစ်စဉ်များအပေါ် ကျူးလွန်ခဲ့ သည်ဟု သံသယရှိသည့်အတွက် စောမြင့်လွင်(ခ) မောထ ကို ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက ဆိုသည်။

သို့သော် အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့် စားသောက်ဆိုင်တစ်ဆိုင်တွင် မိုင်းတွေ့သည့်ဖြစ်စဉ် နှင့် အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်ရွှေပြည့်စုံတည်းခိုခန်းအပေါ်ဆုံး တတိယ ထပ်စားသောက် ခန်း ပေါက်ကွဲမှုနှင့်နံနက် ၅ နာရီ ၄၅ မိနစ် ခန့်၌ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီ ယာဉ်ရပ် နားနေရာ ပေါက်ကွဲမှုဖြစ်စဉ်များတွင်လည်း ပါဝင်ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အစိုးရက ကြေညာခဲ့သည်။

စံတော်ချိန်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်