Thursday, October 17, 2013

မသန်စွမ်းသူများ အတွက် ရွှေမင်းသား ဖောင်ဒေးရှင်း ပြက္ခဒိန်အား အနုပညာရှင်များ နှင့် ရိုက်ကူး

Posted by drmyochit Thursday, October 17, 2013, under | No comments


ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ၏ မသန်စွမ်းသူများ ကိုယ် စားပြု ၂ဝ၁၄ ခုနှစ် အတွက် ရွှေမင်း သား ပြက္ခဒိန်ကို သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ နိုင်ငံတကာ ဆုရအလှမယ် နန်းခင်ဇေယျာ တို့နှင့် အတူ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ မသန်စွမ်းလူငယ် သုံးဦး တို့က စက်တင်ဘာ ၃ဝ ရက်နေ့တွင် ပြက္ခဒိန် ရိုက်ကူးခဲ့ ကြသည်။ အဆိုပါ ပြက္ခဒိန်အား ရွှေမင်းသား ဖောင်ဒေး ရှင်းရန်ပုံငွေ အဖြစ် ရိုက်ကူးခြင်းဖြစ် ပြီး ပြက္ခဒိန် တစ်စောင်လျှင် ကျပ် ၁ဝဝဝ နှုန်း သတ်မှတ် ထားကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် အတွက် ရွှေမင်းသား ပြက္ခဒိန် ရိုက်နှိပ်ထုတ် ဝေရခြင်းနှင့် ပတ်သက်ပြီး ရွှေမင်း သားဖောင်ဒေးရှင်း (မြန်မာ) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြတ်သူဝင်းက..

“ကိုပြေတီဦးနဲ့ နန်းခင်ဇေယျာ နှစ်ယောက် စလုံးက စေတနာနဲ့ ကူညီ တယ်။ ဓာတ်ပုံ ရဲမြင့်ဇော် ကလည်း ကျွန်တော့်ကို အလကား ရိုက်ပေးပါ တယ်။ အရေအတွက် က ၆ဝဝဝ တည်း ထုတ်ပါတယ်။ ရန်ပုံငွေပြက္ခဒိန် ပါ။ တစ်စောင်ကို ၁ဝဝဝ နဲ့ ရောင်း ပြီး ၂ဝဝ ကို ကော်မရှင် ပြန်ပေးမှာ ပါ။ ကျွန်တော် တို့မှာ ရန်ပုံငွေ တအား လိုပါတယ်။ ဒီ ရန်ပုံငွေ ပြက္ခဒိန် မှာ ၁၂ မျက်နှာ၊ ၆ ရွက်လုပ်လိုက်ပါ တယ်။ ကျွန်တော်တို့ ပြက္ခဒိန်ကို WF 70 gm နဲ့ ရိုက်ထားပါတယ်။ ကာဗာ ဆိုလည်း AP 130 ကိုသုံး ထားတယ်။ ပြည်သူ လူထုမှာလည်း Awareness ရအောင်လို့ မသန်စွမ်း ညီအစ်ကို မောင်နှမ သုံးယောက်လည်း ပါတယ်။ ကိုပြေတီဦးနဲ့ နန်းခင်ဇေယျာ လည်း ပါတယ်။ တစ်ခါတလေ ကျတော့ မသန်စွမ်းတွေက အမြင် မတင့်တယ် ဘူး၊ ကျက်သရေ မရှိဘူးလို့ပြောနေတဲ့ သူတွေကလည်း အခုအချိန်ထိ ရှိသေးတယ်။ အဲဒီလိုမျိုး မဖြစ် ရအောင် ညီအစ်ကို မောင်နှမတွေနဲ့ ရိုက်ပေးတဲ့ ကိုပြေတီဦး နဲ့ နန်းခင်ဇေယျာ တို့ကို လည်း ကျေးဇူးတင်တယ်” ဟုပြော သည်။ ရွှေမင်းသား ပြက္ခဒိန် အား အောက်တိုဘာ ၁၆ ရက်နေ့တွင် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရန်ကုန် ရုံးချုပ်၊ မန္တလေး၊ နေပြည်တော်- ပျဉ်းမနား တို့တွင် စတင်ဝယ် ယူနိုင်ပြီဖြစ် သည်။ အောက်တိုဘာ ၇ ရက်နေ့က ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ဦးစီး၍ မသန်စွမ်းအဖွဲ့ အစည်း များဖြစ်သော မေရီချက်(ပ်)မင်း နားမကြားသော ကလေး များ ကျောင်း၊ အော်တစ်ဇင် အသင်း၊ ရွှေ မင်းသား ဖောင်ဒေးရှင်း၊ မြန်မာ ရန် ကုန်ရုံးချုပ်၊ မင်္ဂလာဒုံ ရုံး၊ ရွှေပြည် သာရုံး၊ ကျိုက်ထိုရုံး၊ မန္တလေးရုံး၊ နေ ပြည်တော်-ပျဉ်းမနားရုံး DPTO ၊ ပြင်ဦးလွင် ပရဟိတ မျက်မမြင် ကျောင်း စသည့် အဖွဲ့အစည်း များမှ မသန်စွမ်းသူများ စုစုပေါင်း ဦးရေ ၁ဝဝ ခန့်သည် လွှတ်တော် အတွင်းသို့ သွားရောက် လေ့လာခဲ့ကြသည်။ လွှတ်တော် အတွင်းသို့ သွားရောက် လေ့လာဖြစ် ခဲ့ခြင်းနှင့် ပတ်သက်၍ လည်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က “ကျွန်တော်တို့ မသန်စွမ်း ညီအစ်ကို မောင်နှမ ၆၇ ဦး တစ်ညအိပ် ၂ရက် ခရီးပါ။ ရေပန်း ဥယျာဉ်မှာ လည်ပါ တယ်။ နောက်တစ်နေ့ လွှတ်တော် မှာ သွားရောက် လေ့လာတဲ့အခါ ပါတီ ကြီးနှစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်းတွေ့ပါတယ်။ ပြည်ခိုင်ဖြိုး ပါတီက ဦးဌေးဦး နဲ့လည်း တွေ့ ခဲ့ပါတယ်” ဟုပြောသည်။

အောက်တို ဘာ ၁၅ ရက်နေ့ တွင် အထက်မြန်မာ ပြည် မန္တလေး၌ ပြုလုပ်မည့် အပြည် ပြည် ဆိုင်ရာ မျက်မမြင် လမ်းလျှောက် သောနေ့တွင် ရွှေမင်းသား ဖောင်ဒေး ရှင်း (မြန်မာ) မှ ဝင်ရောက် ဆင်နွှဲ မည်ဖြစ်ကြောင်း သိရသည်။

ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ လေးလ တစ်ကြိမ် ပြုလုပ် ကျင်းပသော မသန်စွမ်း သူများ အတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ၊ အထောက်အကူပြု ပစ္စည်း များပေးအပ်ပွဲ၊ အခမဲ့ ကွန်ပျူ တာ သင်တန်းမှ သင်တန်းသား များ အား သင်တန်းဆင်း လက်မှတ်ပေး အပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီက တော်ဝင် နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အထောက်အကူပြု ပစ္စည်း၊ သင်တန်းဆင်း လက်မှတ်နှင့် ပညာ သင်ထောက်ပံ့ကြေးပေးအပ် ခဲ့ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ဥက္ကဋ္ဌ ဦးမြတ်သူ ဝင်းကပြောသည်။

ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)မှ ဗဟိုအမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ အဆိုတော် ဂျေညီညီ ကလည်း ရွှေမင်းသား ဖောင်ဒေးရှင်း ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက် ပြီး..

“ကွန်ပျူတာ သင်တန်းဆိုရင် တစ်နှစ်ကို သုံးပတ်နဲ့ သင်နေတာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပြီ။ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) က ဦးစီးပြီး အောက်တိုဘာ ၇ ရက် နေ့ လွှတ်တော်ကို သွားလေ့လာခဲ့ တယ်။ နောက်ပြီး ၁၈ ရက်နေ့၊ ကမ္ဘာ့ မျက်မမြင်လမ်း လျှောက်နေ့ကို မန္တလေးမှာ လုပ် ဖို့စီစဉ် ထားတယ်။ ရှေ့လထဲ မှာ မန္တလေး နဲ့ နေပြည် တော်မှာ ရှိတဲ့ဒူး အောက်ပိုင်း မရှိတဲ့သူ တွေကို ခြေတု လှူဖို့ရှိမယ်”ဟုပြောသည်။

“တခြား လုပ်ငန်း တော်တော် များများကတော့ မသန်စွမ်း ဆိုတာ နဲ့ အလုပ်ပေးဖို့ကို နည်းနည်း စဉ်းစား ကြတာပေါ့။ ကိုယ်ပိုင် လုပ်ငန်းလုပ် တဲ့ကလေးတွေ ကတော့ အောင်မြင် တာလည်း ရှိတယ်၊ မအောင်မြင်တာ လည်း ရှိတယ်။ ဒါကို ကြည့်ပြီး ကျွန်မ တို့က ကြိုးတော့ ကြိုးစား ရဦးမှာပဲ။ တချို့ လုပ်ငန်းခွင်တွေ မှာလည်း ဒီက ကွန်ပျူတာ သင်တန်း ဆင်းသွားတဲ့ ကလေးတွေ အလုပ် ဝင်နေကြတယ်။ တချို့ကျတော့ စာစီ၊ စာရိုက်တို့လို ကိုယ်ပိုင် လုပ်ငန်းလေး ထူထောင်ချင် တယ်ဆိုရင် ကျွန်မ တို့ ငွေပင်ငွေရင်း နဲ့ မတည်ပေး လိုက်တာတွေလည်းရှိ ပါတယ်” ဟု ရွှေမင်းသား ဖောင် ဒေးရှင်းမှ သင်တန်း ဆင်းများ အပေါ် အဆိုပါ ပွဲ၌ အခမ်းအနား မှူး အဖြစ် ဆောင်ရွက်သူ ဒေါ်သူဇာကျော် (သမီး မြတ်ကျော်) က သုံးသပ် ပြောကြားခဲ့ သည်။

မျိုးမောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်