Thursday, October 17, 2013

ဗုံးပေါက်မှုများသည် အစိုးရလုပ်သည်ဟု စွပ်စွဲမှုများမှာ အခြေအမြစ်မရှိ၊ သတ္တိရှိရင် နေပြည်တော်ကို သွားဖောက်ကြလို့ သရုပ်ဆောင်လူရွှင်တော် ဇာဂနာဆို

Posted by drmyochit Thursday, October 17, 2013, under | No comments


ယခုတလော မြန်မာနိုင်ငံအနှံ့ဗုံးပေါက်ကွဲမှုများ နှင့် ပတ်သက်၍ ဧရာဝတီမှ မစပ်စုက အနုပညာရှင်များ
၏ သုံးသပ်ဝေဖန်မှုတွေကို တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုအထဲမှ လူရွှင်တော် ဇာဂနာအား ဗုံးပေါက်ကွဲမှု
နှင့် ပတ်သက်ပြီး ထင်မြင်သုံးသပ်ချက်ကို မေးမြန်းရာတွင် ဇာဂနာက ဗုံးဖောက်သူတွေကို ရှုတ်ချပြီး သိုးနေပုတ်နေတဲ့ အတွေးအခေါ်တွေကို ထားခဲ့ရန်လိုကြောင်း သတ္တိရှိရင် နေပြည်တော်သို့ သွားဖောက်ကြ ဟု ဖြေဆိုခဲ့သည်။ 

"ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ်လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြ တာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင်လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မ၀င်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြလို့ ပြောလိုက်ပါရစေ။" သရုပ်ဆောင် လူရွှင်တော် ဇာဂနာက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ် ယခင်တပ်မတော်အစိုးရလက်ထက်က မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ဆိုပြီး နိုင်ငံတကာနှင့် ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့ မလာရောက်ကြရန် အတွက် ထိုအချိန်ကနာမည်ကြီးအတိုက်အခံအချို့၏ နိုင်ငံတကာသို့ပိတ်ပင်ပြောဆိုမှုကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်းများဆုံးရှုံးခဲ့ရသည်။


New Myanmar News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်