Thursday, October 17, 2013

နိုင်ငံရေး ကစားလိုသော တတိယအင်အားစုတစ်ခု က ဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ဟုဆို

Posted by drmyochit Thursday, October 17, 2013, under | No comments


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLA မှ ဗိုလ်ကြီးစောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝ ပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေး ကစားလိုတဲ့တတိယ အဖွဲ့တစ်ခု လိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကိုလုပ်နေ တယ်လို့ ထင်ပါ တယ်'' ဟု ပြော သည်။

လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ ကို KNU/KNLA မှလည်း လေ့ လာစောင့် ကြည်မှုများပြုလုပ်နေ ပြီးလိုအပ်ပါက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်ပေးနိုင်ရန် ကူညီ သွားမည်ဖြစ်ကြောင်း ဗိုလ် ကြီးစောမိုးဇက်က ပြောသည်။

YMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်