Thursday, October 17, 2013

လူသားတို့ နှလုံးသားကို ရိုက်ခတ်နိုင်တဲ့ မြန်မာပြည်က၀မ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်လေးတစ်ခုပါ( မျက်ရည်လွယ်လျှင် မဖတ်ပါနဲ့)

Posted by drmyochit Thursday, October 17, 2013, under | No comments


စန္ဒီ ၁၅၀၀ရဲ့ နောက်ဆုံးနှုတ်ဆက်စကား

သင့်အနေနဲ့ လူသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ၀မ်းနည်းကြေကွဲမှုတွေကို ခံစားတတ်မှာပါ။
တချို့ ကိစ္စတွေဟာ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲဆိုရင် ယောင်္ကျားရင့်မာ
ကြီးတွေတောင် မျက်ရည်ကျရပါတယ်။ 

လက်ခုပ်နှစ်ဖက် သီချင်းနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက် ၁၂နာရီ၊ မိနစ် ၂၀ အချိန်မှာ သူနေထိုင်ရာ ဗဟန်းမြို့နယ် အိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


သူမကွယ်လွန်ခင် အချိန်လေးမှာပဲ သေတော့မှာကို သိတဲ့ အလား အဆိုတော် တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ သူချစ်တဲ့ ပရိသတ်ကြီးကို သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာ နှုတ်ဆက်စကား ဆိုသွားခဲ့ပါတယ်။

"စန္ဒီချစ်သောပရိတ်သတ်ကြီး စန္ဒီလူ့ လောကကြီးကို နှုတ်ဆက်ခဲ့ပါတယ်" 

လို့ ၀မ်းနည်းဖွယ် နှုတ်ဆက်သွားခဲ့တာပါ။ ဒီလိုဝမ်းနည်းစရာမြင်ကွင်းမျိုးကို ဘယ်သူက မကြေကွဲဘဲနေနိုင် မလဲ။ ဒီစာဖတ်နေတဲ့ သင်ကိုယ်တိုင်လည်း ၀မ်းနည်းမှုကိုထိန်းချုပ်နိုင်ရင်တော့ စန္ဒီ ၁၅၀၀ ရဲ့ ဖေ့ဘွတ်ကို သွားကြည့်လိုက်ပါ။ 

သူ့ရဲ့ဖေ့ဘွတ်ကတော့ https://www.facebook.com/Sande1500 ပါ။

New Myanmar News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်