Thursday, October 17, 2013

ပရိသတ်ကို ““ကတိ””ပေးတဲ့ မိမိုးမိုးဦး

Posted by drmyochit Thursday, October 17, 2013, under | No comments


မယ်လိုဒီဝေါမှတစ်ဆင့် အဆိုတော်ဖြစ်လာခဲ့သော မွန်တိုင်းရင်းသူ မိမိုးမိုးဦးက ပထမဆုံး တစ်ကိုယ်တော်ခွေကို ဒီဗီဒီအဖြစ် ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။

““တစ်ကိုယ်တော်ကို စီဒီမထုတ်ဖြစ်ဘူး။ ပရိသတ်တွေက မိမိုးမိုးဦးကို အရုပ်နဲ့အသံ တစ်ခါတည်းတွေ့ချင် တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ဒီဗီဒီတစ်ခါတည်းထုတ်ဖြစ်တာပါ””ဟု မိမိုးမိုးဦးကပြောသည်။စီးရီအမည်ကို ““ကတိ”” ဟု ပေးထားပြီး ယင်းသီချင်းကို တေးရေးစောလင်းမိုက ရေးသားထားကာ စီးရီးခွေ ထဲမှ သီချင်းများတွင် အကြိုက်ဆုံးဖြစ်သောကြောင့် ယင်းအမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သီချင်းခွေတွင် မောင်အရင်းဖြစ်သူက တစ်ပုဒ်ပါဝင်သီဆိုထားပြီး တစ်ကိုယ်တော်အနေဖြင့် ၁၁ ပုဒ် သီဆို ထားကြောင်း မိမိုးမိုးဦးကပြောသည်။
ဂေါ့သစ်၊ ကမ်းထရီး၊ ပေါ့ပ်၊ ရော့ခ်သီချင်းမျိုးစုံပါဝင်ကာ တေးရေးများအဖြစ် စောလင်းမိုက သီချင်း ခုနစ်ပုဒ်ရေးသားပေးထားပြီး ကေအေတီ၊ ကောင်းဇော်၊ အေသင်နှင့် မိမိုးမိုးဦးကိုယ်တိုင် တစ်ပုဒ်ရေးထား သည်ဟု ၎င်းကပြောသည်။
ယင်းသီချင်းခွေကို ၂နှစ်ခန့် အချိန်ယူ စီစဉ်ခဲ့ရပြီး အောက်တိုဘာ ၅ ရက်ကမှ စတင်ဖြန့်ချိသောကြောင့် ပရိသတ်များထံမှ အသံများမကြားရသေးကြောင်း ၎င်းကဆိုသည်။


7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်