Wednesday, October 17, 2012

မြန်မာနိုင်ငံအတွင်းသို့ခိုးဝင်လာသည့်ဘင်္ဂါလီများကလေးဒေသတွင် အုပ်စုလိုက်ရက်ဆက်ဖမ်းမိနေ

Posted by drmyochit Wednesday, October 17, 2012, under | No comments


ကလေးဒေသ တွင်မြန်မာ အိန်္ဒိယ ဖက်မှ ခိုးဝင်လာသော ဘင်္ဂါလီများ မကြာခဏ ဖမ်းမိလျှက် ရှိ့ရာ ယခုအောက် တိုဘာလ (၁၄) ရက်နေ့က၊ ကလေးမြိုမြောက် ပိုင်းသာယာကုန်း ရွာမှဒေသခံတို့ ဖမ်းဆီးမိခဲ့သော ဘင်္ဂါလီများမှာ ဦးရေ အများဆုံးဖြစ်ကြောင်းသိရသည်။ခိုးဝင်လာသည့် ဘင်္ဂါလီ (၁၆)ယောက်ဖြစ်ပြီး ထူးခြားချက်မှာ ကလေးဒေသ တွင် ဖမ်းမိသော ဘင်္ဂါလီ အားလုံး မိန်းကလေးတစ်ယောက်မှ ပါဝင်ခြင်းမရှိ့ပဲယောက်ကျား များဖြစ်နေသည့်ပြင် အသက်(၁၈)နှစ်မှ (၃၀)အတွင်းလူငယ်များဖြစ်နေကြောင်းတွေ့ရသည်။ ““ကျွန်တော်တို့ သာယာကုန်းရွာ ကဒေသ ခံတွေဝိုင်းဝန်း ဖမ်းဆီးပြီး ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့ကိုလွဲပြောင်းအပ်နှံခဲ့ပါတယ်။သူတို့ရဲ့အဆိုအရ ချင်းတောင်နှင့် တမူးနယ်စပ် ဖက်က ခိုးဝင်လာတာလို့ဆိုပါတယ်။ကျွန်တော်တို့ဒေသ မှာဘင်္ဂါလီတွေဖြတ်သန်း သွားလာမှု ဟာမ ကြာခဏ သတင်းအဖြစ်ကြား သိနေရပါတယ်။အခုသုံးလေးငါးရက်ပဲရှိ့ပါသေးတယ်။ တီးတိန်ဖက် ကနေဘင်္ဂါလီတွေ ခိုးဝင်လာ မယ်လို့ သတင်းရတဲ့ အတွက်ကျွန်တော်တို့ဒေသခံတွေသွားစောင့်ကြည့်ကြ ပါသေးတယ်၊ဒါပေမယ့် ရှာမတွေ့ခဲ့ပါ ဘူး။သူတို့ဖက်ကဖမ်းမယ်ဆီးမယ် ဆိုတာကို သတင်းရပြီး လမ်းကြောင်းပြောင်း သွားတယ်လို့ သတင်းရပါ တယ်။နောက်ပြီး အခုရက်ပိုင်းမှာ ပဲကလေးမြို့တောင် ပိုင်းထိုမာရွာမှာ ဘင်္ဂါလီတွေ ထမင်းတောင်း စားသွား တယ်လို့ သတင်းရပါတယ်၊မြောက်စည်းရွာနားက ဆည်ကြီးရွာနားမှာ လည်း ဘင်္ဂါ လီ (၅၀)လောက်ဖြတ် သွားတယ်လို့အခုရက်ပိုင်းသတင်းတွေဖြစ်ပေါ်နေတယ်။ကလေးဒေသ၊မင်းကင်းဒေသ၊ ချင်းတောင်ဒေ သ၊ တမူးဒေ သတွေမှာ ဘင်္ဂါလီတွေခိုးဝင်ဖြတ်သန်းနေတာကတော့နေ့စဉ်လောက်ရှိ့နေနိုင်ပါတယ်၊အကြောင်း ကြောင်းတွေ ကြောင့်ဖမ်းဆီးနိုင်မှုတွေအားနည်းနေပါတယ် ၊တချို့ဒေသ ခံတွေက လည်းတစ်ဖက် နိုင်ငံက ခိုးဝင်လာ တယ်ဆို တာမ သိကြတာမျိုးလည်းရှိ့ပါတယ်၊နောက်တစ်ခုက တချို့က အခကြေးငွေနှင့် လမ်းပြ ပို့ဆောင်ပေးနေ တာ လည်းတွေ့ ရပါတယ်၊အဆိုးဆုံး ကတော့ဒီဖက်မှာ ဘင်္ဂါလီတွေကို အကူအညီပေးနေ တဲ့အဖွဲ့ အစည်း ရှိ့နိုင်တယ်လို့ ယူဆတယ်။””—-ဟု ဘင်္ဂါလီများ ဖမ်းဆီးရာတွင် ပါဝင် ကူညီဆောင် ရွက်ပေးနေ သည့်ဦးဝင်း စိန် မှပြောသည်။ကလေးဒေ သတွင်ယခုစက်တင်ဘာ(၁၄)ရက်နေ့ကပေါက်တောရွာအနီး ဘင်္ဂါလီ (၁၀)ယောက် ဖမ်းမိပြီး သည့် နောက် ယခုအောက် တိုဘာ (၇) ရက်နေ့က လက်ပန်ချောင်း ရွာတွင် ဘင်္ဂါလီ(၄)ယောက် ဖမ်းမိခဲ့သည်။ ကလေး ဒေသ တွင်ယခု(၂၀၁၂)တွင်ဖမ်းမိသောဘင်္ဂါလီစုစုပေါင်း(၃၀)ယောက်ဖြစ်သည်။သက်ဆိုင်ရာမှ ထုတ်ပြန်သော သ တင်းများ အရ ယခင်နှစ်များက ဖမ်းဆီးရမိခဲ့သည့် တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ (၃၆)ယောက် ရှိ့ပြီး လမ်းပြ (၆) ဦးဟုသိရသည်။
From : hot news

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်