Wednesday, October 17, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နှင့်လမ်းခွဲလိုက်ကြသော မကွေးတိုင်း NLD ပါတီဝင်များ

Posted by drmyochit Wednesday, October 17, 2012, under | No comments




မကွေးမြို့ နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ ၂၀၁၀ အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ အစုလိုက် အပြုံလိုက် ကူးပြောင်း ခဲ့ကြောင်း သိရသည်။ အဆိုပါ ပါတီ ကူးပြောင်းပွဲ အခမ်း အနားကို မကွေးမြို့နယ် ဒေါင်းနေကျေးရွာ တွင်ပြုလုပ်ခဲ့ပြီး ယင်းအခမ်း အနားသို့ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရသည်။“မကွေးတိုင်းက NLD ပါတီဝင် တော်တော်များများ ကြံ့ခိုင်ရေးပါတီကို ကူးပြောင်းသွား ကြပါတယ်။ ဒီပါတီ ကူးပြောင်းတဲ့ အခမ်းအနား ကိုလည်း လုပ်ပြီး သွားပါပြီ။ ပါတီကူးလာတဲ့သူတွေကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ ထုတ်ပေးပြီး သွားပါပြီ။ ဒီအခမ်း အနားကို မကွေးတိုင်းဝန်ကြီးချုပ်က ဧည့် သည်အနေနဲ့ လာတက်ခဲ့ပါ တယ်”ပာု ပြည် ခိုင်ဖြိုး ပါတီ တာဝန်ရှိ သူတစ်ဦးက ပြောကြား သည်။ ယခုကဲ့သို့ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်း သွားရခြင်းမှာ NLD ဗပိာု၏ ဆက်ဆံမှုများနှင့် NLD ကျေးရွာ အုပ်စုရုံး ပြောင်းေ ရွှ့ဖွင့်လှ စ်ခြင်းအပေါ် မကျေနပ်မှု များကြောင့်ဖြစ်ကြောင်း ပါတီကူးပြောင်းခဲ့သူတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီတွင်း ဒီမိုကရေစီပျောက်ဆုံး မှုများအတွက် နေရာဒေသအတော်များများတွင် ပါတီဝင် များမှ ဆန္ဒထုတ်ဖော်မှုများ၊ ပါတီကူြးေ ပာင်းမှုများကို ပြုလုပ်ခဲ့ပြီး ဗပာိုကော်မတီအနေဖြင့်လည်း ယင်းကိစ္စရပ် များအပေါ် ထိထိရောက်ေ ရာက် ကိုင် တွယ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်