Wednesday, October 17, 2012

အင်တာနက်ဆိုင်များ၌ သုံးစွဲသူနည်းလာ

Posted by drmyochit Wednesday, October 17, 2012, under | No comments



ဖုန်းများတွင် အင်တာနက် ဖွင့်ခွင့် ပေးလိုက် သဖြင့် အင်တာနက် ဆိုင်များ၌ စက်သုံးသူ (အင်တာနက် အသုံးပြုသူ) ယခင် ကလောက် မများတော့ကြောင်း အောက်တိုဘာ ၁၅ ရက်က အင်တာနက်ဆိုင် တာဝန်ခံ တစ်ဦး၏ ပြောကြား ချက်များ အရ သိရသည်။ “ကျွန်တော်တို့ဆိုင်မှာ စက် ၂၄ လုံး ရှိပါတယ်။ ခါတိုင်းဆို စက်သုံးသူ၊ နိုင်ငံခြား ဖုန်းပြော သူ၊ ဂိမ်းဆော့ သူတွေနဲ့ ပြည့်နေပြီး စက်အလွတ် မရှိလို့ ထိုင်စောင့်နေ ရတဲ့ အခါတွေတောင် ရှိပါတယ်။ အခုတော့ ဖုန်းတွေနဲ့ အင်တာနက် ချိတ်ပြီး လက်ဖက် ရည်ဆိုင် ထိုင်ရင်း၊ ဘတ်စ် ကားစောင့်ရင်း သုံးနိုင်လာ တာကြောင့် ဆိုင်မှာ လာသုံးသူ နည်း သွားပါတယ်” ဟု ဆိုသည်။ “မြန်မာစာလုံးတွေ “၍၊ ၌” စသည်ဖြင့် Alt Key နှင့် တွဲနှိပ် ရတဲ့ စာလုံးတွေ ရိုက်တဲ့အခါ အင်တာနက်ဆိုင်မှာ စက်အများစုက သုံးလို့မရပါဘူး။ အခုတော့ ဖုန်းနဲ့ သုံးတဲ့အတွက် အဆင်ပြေ သွားပါပြီ။ အင်တာနက်ဆိုင် သွားစရာ မလိုတော့ဘူး” ဟု အင်တာနက်ဆိုင်များတွင် G-mail သုံးစွဲခဲ့သူ တစ်ဦးက ပြောပြခဲ့ကြောင်း သိရှိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်