OIC နှင့်ပတ် သက်သည့် မည်သည့်အရာမျှ မြန်မာ့ကြက်ခြေနီ ရုံးတွင် မရှိကြောင်း ရန်ကုန်မြို့ကမ်နား လမ်းရှိ အဆို ပါရုံးမှ တာဝန်ရှိ သူများက အောက်တို ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ ဆုံစဉ်ပြော ကြားသည်။
အွန်လိုင်း လူမှု ကွန်ရက်စာ မျက်နှာ များ၌ OIC ရုံးခွဲမြန်မာနိုင်ငံ တွင်ဖွင့်လှစ်ခွင့် မပြုဟု ဆိုသော်လည်း ကြက်ခြေနီ အသင်း အပေါ်ဆုံး ထပ်တွင် လူ၎ ဦးဖြင့် စတင်ရုံးထိုင်ဟု သတင်းများပြန့်နှံ့နေခြင်းကြောင့် ပေါ်ပြူလာ နယူးစ်မှ ယခုကဲ့သို့သွားရောက်ကြည့်ရှုသတင်းရယူခဲ့ခြင်းဖြစ်သည်။
အဆိုပါကြက်ခြေနီအသင်းရုံးတွင် OIC နှင့်ပတ်သက်သည့် မည်သည့်အရာမျှ မရှိကြောင်း အဆိုပါရုံး စီမံဌာ နနှင့်ပြန်ကြားရေး ဌာန တာဝန်ရှိသူ အချို့ကပြောသည်။
““ OIC နဲ့ပတ်သက်ပြီး လုံးဝမရှိပါဘူး။ သမ္မတရုံးကလည်းဒါကို သတင်းဌာနကနေဖြေရှင်းပြီးသားပဲ။ ဒီမှာ OIC ရုံးအဖွဲ့လာထိုင်တယ်ဆိုတာ ကောလာဟလပါပဲ။ လုံးဝမရှိပါဘူး။””ဟု ၄င်းတို့ကပြောကြားသည်။
Time in Rangoon


0 comments:
Post a Comment