Wednesday, October 17, 2012

ကချင်စပါးကြီးမြွေ (သို့) အောင်လ ၏ မျိုးချစ်အလှူ

Posted by drmyochit Wednesday, October 17, 2012, under | No comments



ကိုယ်ခံ ပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင်စစ်ပြေးဒုက္ခသည် များအတွက် လှူဒါန်းသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ (Photo:: www.aunglansang.com)

ကိုယ်ခံ ပညာပေါင်းစုံ တိုက်ခိုက်ရေး ပြိုင်ပွဲတွင် အနိုင်ရ ရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင် စစ်ပြေး ဒုက္ခသည် များအတွက် လှူဒါန်းမည် ဆိုသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ က နောက်ထပ် လည်း လှူဒါန်းနိုင်ရန် ကြိုးပမ်းသွား မည်ဟု ဆိုသည်။


အမေရိ ကန်နိုင်ငံ၊ ဒီက ဝဲပြည် နယ်တွင် ကျင်းပခဲ့သည့် CFFC ခေါ် လှောင်အိမ်တွင်း အောက်တိုဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် တဦးချင်း ထိုးသတ် ပွဲတွင် ကချင် တိုင်းရင်းသား အင်ဆန်အောင်လက ပြိုင်ဘက် ဂျက် ဆင်လောက်အား အနိုင် ရရှိခဲ့ သည့် ဆုကြေး၏ ၂၅ ရာခိုင်နှုန်းကို လိုင်ဇာမြို့ရှိ ဒုက္ခသည်များအတွက် Pan Kachin အဖွဲ့မှ တဆင့် လှူဒါန်းသွား မည်ဟု ဆိုသည်။
“ကျနော်က နိုင်ငံရေးနဲ့ ပတ်သက်လို့ သိပ်မပြောချင်ဘူး။ အမျိုးသားရေးအတွက်ပဲ တတ်နိုင်သလောက် ကူညီ တာပါ။ ဒီငွေတွေက မများပါဘူး။ ဒါပေမယ့် ကျနော် လှူဒါန်းနိုင် သလောက် လှူဒါန်းတာပါ” ဟု မဇ္ဈိမကို ပြောသည်။
လှူဒါန်းမည့် ငွေပမာဏကို ပြောဆိုရန် ငြင်းဆန်ခဲ့သော်လည်း စပွန်ဆာများနှင့် လက်မှတ်ရောင်းရငွေများကိုပါ စစ်ပြေးဒုက္ခသည်များထံ ပေးပို့သွားမည်ဟု ဆိုသည်။

ပြည်တွင်းစစ်အတွင်း ဦးလေးနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရသည့် အောင်လ မှာ “နိုင်ငံရေးကိုလည်း ကျနော် ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို တွေးလိုက်ရင် မျှော်လင့်ချက် မဲ့သလို ခံစားရလို့ပါပဲ” ဟု ၎င်း၏ ၀ဘ်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီးနောက် စိုက်ပျိုးရေး သိပ္ပံ ပညာ သင်ကြားရန် ၂ဝဝ၃ ခုနှစ်တွင် အမေရိ ကန်နိုင်ငံ သို့ရောက် ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ယင်းဘွဲ့ ရခဲ့သည်။ ထို့အပြင် ဂျူဂျစ်ဆု ကစားနည်းကို လေ့ကျင့်ခဲ့ပြီး ယခုထိ ၎င်းကစား နည်းကို လေ့ကျင့်ခြင်း၊ သင်တန်းပေးခြင်းများ လုပ်ကိုင်နေ သည်ဟု ကိုအောင်လ က ပြောသည်။

သာမန် အားက စားသမား သက်သက်အဖြစ် အသက်မွေး လိုသည့် ကိုအောင်လ က ယ္ခုကဲ့သို့ ပြည်တွင်းစစ် ဒဏ်သင့် ပြည်သူ များအတွက် လှူဒါန်း ရမှုနှင့် ပတ်သက်၍ “အဲဒါဟာ နိုင်ငံရေး မဟုတ်ပါဘူး။ အကူအညီ အလွန် အမင်း လိုအပ်နေတဲ့ လူတွေ ရှိနေပြီးတော့ သူတို့ရဲ့ ငိုကြွေး အကူ အညီတောင်း သံတွေကို လျစ်လျူ မရှုနိုင် လို့ပါ ပဲ” ဟု ရေးသား ထားသည်။

“ကျနော်တို့ ကချစ်စစ်ပြေးတွေ အားလုံးကို ပြောချင်တာက ဘုရားသခင်ကို ယုံကြည်ပါ။ ယုံကြည်ရင် ဘုရားသခင် လမ်းပြပေးမှာပါ” ဟု မဇ္ဈိမမှ တဆင့် ပြောဆိုသွားသည်။

သိုင်းပေါင်းစုံ ထိုးသတ်ပွဲ ၂၄ ပွဲတွင် ၁၆ ပွဲ အနိုင်ရရှိခဲ့ဖူးသည့် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်သား အသက် ၂၇ နှစ်အရွယ် ကိုအောင်လ မှာ အမေရိကန်နိုင်ငံ၊ မေရီလဲန်း ပြည်နယ်ရှိ Crazy 88 ကလပ်တွင် ဂျူဂျစ်ဆု သင်ကြားပေးလျက်ရှိသည်။


မဇ္စျိမ မှကူးယူဖော်ပြ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်