Wednesday, October 17, 2012

ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ

Posted by drmyochit Wednesday, October 17, 2012, under | No comments


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့၌ ကြေးဘုရား ရုပ်ပွားတော် တစ်ဆူ ပျောက် ဆုံးမှု ဖြစ်ပွားပြီး နောက် တွင် ဘုရားစေတီ များရှိ ကြေး ဘုရားများ အတွက် ဒေသ ခံများက စိုးရိမ် ပူပမ်မှု များလျှက် ရှိသည်။ ယင်းကဲ့ သို့ဘုရား ရုပ်ပွားတော် ပျောက်ရှ မှုမှာ ကျောက်မဲမြို့ တည်ရှိခဲ့ပြီး နှစ်ပေါင်း (၈၀)ကျော် အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အောက်တို ဘာလ(၉) ရက်နေ့ ညပိုင်းက အမှတ်(၂) ရပ်ကွက် ကျောက်တောင် ရပ်ရှိ အေးစေတီ ဘုရားတည် ထားရာ တောင်ပေါ်၌ ဥာဏ်တော် အမြင့် (၁၃)လက်မ ရှိသော ကြေးဘုရား ရုပ်ပွားတော် တစ်ဆူကို ခြေတော် ရင်းမှ ဖြတ်တောက်၍ ခိုးယူ ခံခဲ့ရခြင်း ဖြစ်သည်။

“ရပ်တော်မူ ရုပ်ပွား တော်ရဲ့ အောက်ခြေမှာ ရှိတဲ့ ဂြိုလ်ပြေ နာမ်ပြေ ဘုရားရှစ် ဆူထဲက သောကြာ ထောင့်က ကြေး ဘုရားကို ခြေတော် ရင်းကနေ ဖြတ်ပြီး ခိုးယူသွားတာ၊ ရဲစခန်းကိုတော့ အသိပေး ထားတယ် တိုင်ချက် ဖွင့်ထား တာတော့ မရှိပါဘူး´’ ဟု အဆိုပါဘုရားတောင်ပေါ်ရှိ ဆရာတော် တစ်ပါးက မိန့်ကြားသည်။


အဆိုပါ ကြေးရုပ် ပွားတော် ခိုးယူ ခံရပြီင်္း နောက်တွင် ဘုရား များအား ကာရံ ထားသော သံပန်းများရှိ လူတစ် ယောက် လက်နှိုက် နိုင်အောင် ကျဲနေသော နေရာများကို ထပ်မံကာရံထားလိုက်ပြီး ထပ်မံပျောက်ရှမှုမရှိစေရန် ကာကွယ် ထားကြောင်း ကိုလည်း သိရသည်။
“တရားခံကို မြန်မြန် မိအောင် ကြိုးစား ပေးစေ ချင်ပါတယ် မဟုတ်ရင် ဒီလိုပဲ ထပ်ပြီး ခိုးခံ နေရဦးမှာ၊ တစ်ခြား ပစ္စည်း တွေကို ခိုးတာကို မမိ သေးတာ ထား ဘာမှမဖြစ်ဘူး ဘုရား ရုပ်ပွားတော်ကို ခိုးတာတော့ ဖြစ်နိုင် သမျှ မြန်မြန် မိစေချင် ပါတယ်” ဟု အသက် (၅၅) နှစ်အရွယ်ရှိ ဘုရား ဂေါပက တစ်ဦးက ပြောသည်။
“ဒီနှစ်ထဲမှာ ဆိုင်ကယ်တွေ ပစ္စည်းတွေ ခဏခဏ ပျောက်တယ်၊ တစ်မြို့လုံး အနေ အထား နဲ့ဆို ဆိုင်ကယ် ခိုးခံရ တာတင် အစီး(၅၀)မက တော့ဘူး တရားခံမိ တာလည်း တစ်ခါမှမကြားဖူးဘူး၊ အခု ဘုရားရုပ်ပွားတော်ပါ ခိုးခံရပြီ ဒီအတိုင်းသာ ဆက်သွားနေရင် ဒီထက်ကြီးမားတဲ့ ရာဇ၀တ်မှုတွေ ဖြစ်လာနိုင်တယ် သက်ဆိုင်ရာတွေ အနေနဲ့ ဖိဖိစီးစီး ဖမ်းစီးတာမျိုးရှိ စေချင်ပါတယ်” ဟု အမှတ် (၂)ရပ်ကွက်ရှိ ဒေသခံတစ်ဦးမှ ပြောသည်။
မြို့တွင်း၌ ဆိုင်ကယ် ပျောက်ရှမှု များပြား လာခြင်းနှင့် ဘုရား ရုပ်ပွားတော်ခိုး ယူခံရမှုမှာ မူးယစ် ဆေးဝါး သုံးစွဲ သူများ တိုးပွား လာခြင်းနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း အသက်(၆၅)နှစ်ရှိ အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦးက သုံးသပ် သည်။
“ပစ္စည်း ခိုးတာတော့ မရှိလို့၊ လိုချင်လို့ခိုးတာ များတယ် ဘုရားကို ခိုးတယ်ဆို တာတော့ ရောင်းစားဖို့ဆိုတာ အသိသာကြီးပဲ၊ ငရဲ မကြောက် ဘာမ ကြောက်နဲ့ ဘုရားတောင် ခိုးတယ် ဆိုတော့ ဆေးချဖို့ငွေလိုတဲ့ သူတွေပဲ လုပ်ရဲမှာ”ဟု အငြိမ်းစား ဗိုလ်မှူး ဟောင်းက သုံးသပ် ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်