Wednesday, October 17, 2012

ထိုင်း ရုပ်သံပေါ်က မြန်မာ့ သနပ်ခါး အကြောင်း

Posted by drmyochit Wednesday, October 17, 2012, under | No comments



မြန်မာ့ သနပ်ခါး အကြောင်း ထိုင်းနိုင်ငံက ရုပ်မြင်သံကြား တခုမှာ အကျယ်တ၀ံ့ ဖော်ပြထားတာပါ။ ထိုင်း သတင်း ဌာနက မြန်မာ့ သနပ်ခါး ဇာတ်လမ်း အစ၊ အဆုံး ကို သေချာ မှတ်တမ်း ရိုက်ကူး ထားတာ လည်းဖြစ် ပါတယ်။

သနပ်ခါးမှာ ကျောက်ပြင်နဲ့ တွဲသုံး ရတာမို့ ကျောက်ပြင် လုပ်ငန်းကိုပါ စနစ်တကျ မှတ်တမ်း ရိုက်ကူး ပြသ ထား ပါတယ်။ စိတ်ဝင်စားစရာ အလွန်ကောင်းစွာနဲ့ ထိုင်းတွေလည်း မြန်မာ စကားတွေ ပြောပြီး တင်ဆက် ထားတာပါ။ ထိုင်းရုပ်သံ နာမည် ကြီးတွေနဲ့ တင်ဆက် ထားတာ ဖြစ်ပါတယ်။

ထိုင်းတွေလည်း မြန်မာ့ သနပ်ခါးရဲ့ အသား အရေကို ကောင်းစေတဲ့ လျို့ဝှက် ချက်တွေ ကို ကောင်းကောင်း သိလာပြီး ကျယ်ကျယ် ပြန့်ပြန် သုံးစွဲဖို့ ဖြစ်လာ နေပါပြီ။ မြန်မာ မိန်းကလေး တွေကတော့ ကိုယ့်ရိုးရာ သနပ်ခါးရဲ့ ကောင်းခြင်း တွေကို မေ့ပြီး တိုင်းတ ပါးက ဓာတု ဆေးဝါး တွေနဲ့ ဖန်တီး ထားကြ တဲ့ မိတ်ကပ် တွေကိုပဲ ဈေးကြီးပေး သုံးနေကြတာ စိတ်မကောင်း စရာပါ။ 

မြန်မာ့ သနပ်ခါးဟာ အသားအရေကို တကယ်ကောင်းမွန် နူညံ့သိမ်မွေ့စေပြီး ထူးခြားတဲ့ အစွမ်း သတ္တိတွေ ကို ပေးစွမ်း တယ်ဆို တာ မြန်မာ တွေထက် နိုင်ငံရပ်ခြားက သူတွေက ပိုသိ၊ ပိုမြင်လာနေကြပါတယ်။မြန်မာ့ သနပ်ခါးဟာ အသားအရေကို တကယ်ကောင်းမွန် နူညံ့သိမ်မွေ့စေပြီး ထူးခြားတဲ့ အစွမ်း သတ္တိတွေ ကို ပေးစွမ်း တယ်ဆို တာ မြန်မာ တွေထက် နိုင်ငံရပ်ခြားက သူတွေက ပိုသိ၊ ပိုမြင်လာနေကြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်