Wednesday, October 17, 2012

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား နှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

Posted by drmyochit Wednesday, October 17, 2012, under | No comments


သေဆုံး နေသော မြန်မာ နိုင်ငံသား နှစ်ဦး၏ ရုပ်အ လောင်းများကို မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်ရှိ ပတ်တလင် ဂျာယာနှင့် ရှားအလမ် မြို့များ၌ ပြီးခဲ့သည့် နေ့က တွေ့ခဲ့ကြောင်း မလေးရှား အာဏာပိုင် များက သတင်း ထုတ်ပြန်သည်။ 


ပထမ အလောင်းကို တွေ့သည့်ဖြစ်စဉ်မှာ တာမန်ဆ ရီဆူဘန် ရပ်ကွက်ရှိ အိမ်ရာ တစ်ခုတွင် မှောက်လျက်သား သေဆုံး နေသော မြန်မာ လူမျိုး တစ်ဦးအား နံနက် ၁၀ နာရီခန့်တွင် ဖြတ်သန်း သွားလာသူ တစ်ဦးက တွေ့မိခြင်း ဖြစ်သည်။

ပတ်တလင်ဂျာယာ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲက အသက်၂၇ နှစ်အရွယ်ခန့်ရှိ အဆိုပါ သေဆုံးသူသည် ၎င်းကို ရှာမတွေ့ခင် ခုနစ်နာရီ၊ ရှစ်နာရီ အလိုခန့်ကပင် သေဆုံးပြီးဖြစ်ကြောင်း ခန့်မှန်း ပြောကြားသည်။၎င်းက “သေဆုံး သူရဲ့ ဝမ်းဗိုက်မှာ ဓားထိုး ခံရတဲ့ ဒဏ်ရာ တွေ့ပါတယ်။ သူနဲ့ ဆိုင်တယ်လို့ ထင်ရတဲ့ ပုဂ္ဂိုလ်ရေး အထောက် အထား တစ်ခုကိုလည်း ကျွန်တော်တို့ ရှာတွေ့ ခဲ့ပါတယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် သေဆုံးသူ၏ အလုပ်ရှင်ကို ခြေရာခံ စုံစမ်းနေဆဲဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ဆေးရန် ကွာလာလမ်ပူ ဆေးရုံသို့ ပို့ဆောင်ထားသည်။
ရှားအလမ်မြို့တွင် တွေ့ရသော မြန်မာလူမျိုး ရုပ်အလောင်းမှာမူ ဂျလန်ကိုတာရာဂျာ အရပ်မှ ဈေးဆိုင် တစ်ခု ရှေ့ လူသွားလမ်း အနီး တွေ့ခဲ့ရခြင်း ဖြစ်သည်။ သေဆုံးသူမှာ အမျိုးသား ဖြစ်ပြီး အသက် ၃၀ အရွယ်ဟု ယူဆ ရကာ တစ်ဦး ထက်ပိုသော သူများ၏ သတ်ဖြတ် ခြင်းကို ခံရ နိုင်ဖွယ် ရှိကြောင်း ယုံကြည် ရသည်။
၎င်း၏ ရုပ်အ လောင်းကိုလည်း ကလန် ရှိတန်ကူ အမ်ယူရန် ရာဟီမာ ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင် ထားကြောင်း ရှားအလမ် ခရိုင် ရဲတပ်ဖွဲ့ကပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်