ယခုနှစ်မြန် မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ ၌ပြု လုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြန်ကြေညာ ခဲ့ သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇ ခုနှစ်မှစ တင်ကာ နေပြည်တော်၌ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပြီး ခြောက်ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့၌ ပြောင်းလဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ရန် အတွက် ဆန်ခါတင် စာရင်းဝင် ဇာတ်ကား များအား စိစစ် အကဲဖြတ်ခြင်းမှာ ဒုတိယ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာလ ပထမပတ် မှစတင်ကာ ဒုတိယအဆင့် အကဲဖြတ်မှု များကို ပြုလုပ် လျက်ရှိ သည်ဟု သိရသည်။
Time in Rangoon

0 comments:
Post a Comment