Wednesday, October 17, 2012

အက္ခရာ နံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံနိုင်ပြီ

Posted by drmyochit Wednesday, October 17, 2012, under | No comments


ယာဉ်အို ယာဉ်ဟောင်း ဖျက်သိမ်းရေး စီမံချက်အရ အက္ခရာနံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံ နိုင်ပြီး ကားတင်သွင်းခွင့်ပါမစ် တစောင်စီ ရရှိမှာ ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာန ထုတ်ပြန် ချက် အရ သိရ ပါတယ်။
လက်ရှိ အပ်နှံနိုင်တဲ့ မာဇဒါ အုပ်စုဝင်ကားတွေဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများ ပြည်သူ တွေကို ရောင်းချ ထားတဲ့ ကားတွေ ဖြစ်ပါတယ်။

ဒီကားတွေဟာ နောက်ပိုင်း လေလံအောင် ကားတွေ ဖြစ်တဲ့အတွက် အက္ခရာ မြင့်ပေမယ့်လည်း ကားမော်ဒယ် တွေ အလွန်နိမ့်ပြီး အိုမင်း ဟောင်းနွမ်းနေတဲ့ ကားတွေ ဖြစ်ပါတယ်။
မီးရထားဝန်ကြီးဌာနဟာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းတဲ့ အစီအစဉ်ကို မှတ်ပုံတင်ထားတဲ့ အက္ခရာ စဉ်အလိုက် ဖျက်သိမ်း ခွင့်ပြုခဲ့ပြီး လက်ရှိ ဗ အက္ခရာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အက္ခရာစဉ်အလိုက် မဟုတ်ဘဲ ကားအမျိုးအစားအလိုက် ဖျက်သိမ်းခွင့်ပြုတာကတော့ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်