ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ရှိ ၀န်ထမ်းများအား KIA အကြမ်းဖက် အဖွဲ့မှ အောက်တိုဘာ (၁၅)ရက်နေ့ မနက်(၃) နာရီ အချိန်ခန့်တွင် လာရောက် ပစ်ခတ်ပြီး သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ ကြောင်း သိရ ပါတယ်။
ဖြစ်ပွားပုံကတော့ အောက်တိုဘာ(၁၅)ရက်နေ့ မနက်(၃)နာရီခန့်မှာ ဆွမ်ပရာဘွမ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံး အတွင်း၌ မြို့နယ် ဒုဦးစီးမှူး ဦးစန်းဟိုနဲ့ မြို့နယ် အထက ကျောင်းအုပ်ကြီး ဦးမောင်မောင်သန်းတို့ အိပ်ပျော်နေစဉ် KIA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးမှ တံခါးမှန်ကို ရိုက်ခွဲကာ အဆောက် အအုံ အတွင်းသို့ လက်ပစ်ဗုံး ၂ လုံး ပစ်ထည့် ဖောက်ခွဲကာ သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ် ခဲ့ပါတယ်။
``ကျွန်တော်တို့ အိပ်ပျော်နေတုန်း မနက်(၃)နာရီအချိန်လောက်မှာ တံခါးလာခေါက်ပြီး တံခါးကို အတင်းဖွင့် ခိုင်းပါတယ်။ ကျွန်တော်တို့ ၂ ယောက်လည်း ညအချိန် မတော်ဆိုတော့ ဖွင့်မပေး ခဲ့ပါဘူး။ ဒါကြောင့် အပြင်မှာ ရှိတဲ့ KIA စစ်သားတွေက တံခါးမှန်ကို ရိုက်ခွဲပြီး အထဲကို ၀င်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ၂ ယောက် လည်း ရုံးအနောက်ပေါက် ကနေ ထွက်ပြေး ခဲ့ပါတယ်။ ခပ်ဝေးဝေးရောက်တော့ ရုံးခန်းဆီက ပေါက်ကွဲသံ တစ်သံနဲ့ သေနတ်သံ လေးချက်လောက် ကြားခဲ့ရပြီး ရုံးခန်းမီးလောင်နေတာ တွေ့ရပါတယ်။ နာရီဝက် လောက်ကြာမှ ကျွန်တော်တို့လည်း ပြန်လာပြီး မီးငြိမ်း သတ် ခဲ့ရပါတယ်။ ထိခိုက် ဒဏ်ရာ ရသူမ ရှိပေမယ့် ရုံးခန်းကြမ်းပြင်ကတော့ တစ်ပေခန့်လောက် ပေါက်ပြဲပျက်စီး သွားခဲ့ ပါတယ်´´ လို့ မြို့နယ် ဒုဦးစီးမှူး ဦးစန်းဟိုမှ ပြောပြခဲ့ပါတယ်။
KIA အကြမ်းဖက်အဖွဲ့မှ ဧပြီလ (၂၈) ရက်နေ့ နံနက်(၁)နာရီအချိန်တုန်းကလည်း ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးရုံးရှိ အုပ်ချုပ်ရေးမှူးအပါအ၀င် ၀န်ထမ်း(၄)ဦးကို တိုင်တွင် ကြိုးချည်ပြီး ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်သတ်ခဲ့တာကိုလည်း တစ်နိုင်ငံလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ သူတို့ထင်သလို ဖြစ်မလာခဲ့ပဲ အဆောက်အအုံကိုသာ ဖျက်ဆီးသွားနိုင်ခဲ့ပါတယ်။ KIA အကြမ်းဖက် အဖွဲ့ရဲ့ လုပ်ရပ်တွေကို ပြည်သူလူထုမှ ရွံ့ကြောက်ဖြစ်နေပြီး အမြဲတမ်းသတိ ၀ီရိယနဲ့ နေထိုင်သွားကြဖို့ လိုအပ် တယ်လို့ ဆွမ်ပရာဘွမ်မြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
Time in Rangoon


0 comments:
Post a Comment