Wednesday, October 17, 2012

အမှန်ကိုအမှန်အတိုင်းသိသင့်ပြီ.....။

Posted by drmyochit Wednesday, October 17, 2012, under | No comments


ကချင်ပြည်နယ်ရဲ့ ဖားကန့်ဒေသဟာ ကျောက်စိမ်းသာမက ရွှေသတ္ထုပါထွက်ရှိတာကြောင့် နိုင်ငံတော်ရဲ့ ၀င်ငွေ ကို တစ်ဖက် တစ်လမ်းက တိုးပွားစေသလို ကချင်လက်နက်ကိုင် အဖွဲ့တွေအတွက် ငွေတွင်းကြီးတစ်တွင်း ပိုင်ဆိုင် ထားရ သကဲ့သို့ အဖျက် အမှောက် လုပ်နိုင်ဖို့ အထောက် အပံ့တွေ ရပြီး သက်ဆိုး ရှည်နေခဲ့ ပါတယ်။ အခုဆိုရင် ဖားကန့်မှာ မင်းမဲ့စရိုက်တွေ ပိုလို့တောင် များလာနေ ပါတယ်။
ကျွန်တော်က ကုမ္ပဏီ ၀န်ထမ်း တစ်ယောက်ပါ။ တရား ဥပဒေ စိုးမိုးတဲ့ ဒေသမှာ မွေးဖွားကြီးပြင်း လာခဲ့ရပြီး သူ့စည်း သူ့ကမ်းနဲ့ နေလာရင်းကနေ ဖားကန့်ဒေ သရောက် ကုမ္ပဏီဝန်ထမ်းဘ၀နဲ့ နေလာခဲ့ပါတယ်။ အခြေအနေ ရှုပ်ထွေးနေပေမဲ့ ကျွန်တော်တို့ဖားကန့်ဘက်ကိုတော့ သိပ်ဂယက်မရိုက်သေးဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ် မေလ ကုန်လောက်မှာ KIA ရဲ့ခြိမ်းခြောက်မှုအလွန်ပြင်းထန်လာလို့ သတ္ထုတွင်းဝန်ကြီးဌာနကနေ ဖားကန့်မှ သတ္ထု တူးဖော်ရေး လုပ်ငန်းတွေ (၅) လယာယီပိတ်သိမ်းကြောင်း အမိန့်ထွက်လာပြီးနောက်ပိုင်း ကုမ္ပဏီပိုင်ရှင်၊ ၀န်ထမ်း အလုပ် သမားတွေပြန်၊ တူးဖော်ရေးလုပ်ငန်းတွေရပ်၊ လုပ်ငန်းတွေပိတ်သိမ်းနဲ့ နောက်ဆုံး ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေပါ ရပ်တန့်သွားခဲ့ပြီး အလုပ် လက်မဲ့တွေ ပိုများလာကာ ဒေသခံတွေကအစ စီးပွားရေးတွေကြပ်တည်းလာခဲ့ပါတယ်။
ပိုဆိုး တာက မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ KIA ကဆက်ကြေးဆက်ကောက်ဖို့ အခရာကျတဲ့ သူဌေးကြီးများ၊ လုပ်ငန်းရှင် များမရှိတော့လို့ ၀င်ငွေတွေအကြီးအကျယ်ကျဆင်းပြီး ဆက်ကြေးနှုန်းတွေ၊ (၂)ဆ တိုးမြှင့် ၊ နှစ်စဉ် ကြေးတွေကြိုကောက်၊ နောက်ဆုံးလမ်းဘေးကွမ်းယာဆိုင်ကအစ ဆက်ကြေးကောက်လာခဲ့တယ်။ အကြံကုန် ဂဠုန် ဆားချက် တဲ့အနေနဲ့ ဖားကန့်ဒေ သမှာရှိတဲ့ စစ်တပ်တွေကို ထွက်ခွာသွားအောင် သြဂုတ်လကုန်မှာ အင်အားတွေ စုပြီးတော့ ဖားကန့်ဗျူ ဟာကုန်းကို သိမ်းမယ် လုပ်ရင်းကနေ စစ်တပ်လည်း ၀င်လာရော တိုက်ပွဲတွေ ဖြစ်ပြီး အကုန်ရှုပ် ကုန်ရော။ KIA ကဖားကန့်အနီးဝန်းကျင်က ရွာတွေမှာ လူမနေရအောင် ဖားကန့်မြို့ပေါ် ရွှေ့ခိုင်းပြီး သူတို့ဝင်နေရာယူလိုက်တယ်လေ။ ဖားကန့်မြို့ကို ၀ိုင်းပိတ်ထား တဲ့သဘောပေါ့။ အဲဒီနောက် ပိုင်းမှာ လုပ်ချင်ရာ လုပ်တော့ တာဘဲ။ အလုပ်လက်မဲ့ဖြစ်နေတဲ့ ရေမဆေးကျောက်သမားတွေစုပြီး ကုမ္ပဏီကျောက်စိမ်း ဂိုဒေါင်တွေ ဖောက်ယူခိုင်း ၊ အစိုးရနဲ့ ဖက်စပ် လုပ်ကွက်တွေထဲ ရေမဆေးကျောက် သမားတွေကို ၀င်တူးခိုင်းပြီး ရတဲ့ကျောက် ကို (၃၀)% နဲ့တန်ဘိုးဖြတ် ၀ယ်တယ်။ ရေမဆေးကျောက်သမားတွေကိုလည်း ခေါင်းပုံဖြတ်တယ် မထင်ရင် ကြက်ကလေး ငှက်ကလေးလို သတ်ပစ်နဲ့ လုပ်ချင်သလို လုပ်နေကြတယ်။ ဖားကန့်ဒေသ မှာရှိတဲ့ ရဲတွေ ကလည်း အင်အား နည်းတော့ ဘာမှ မလုပ်နိုင်ဘူး။ လက်ပိုက်ကြည့်နေ ရတဲ့သဘောဖြစ်နေတယ်။
အဆိုးဆုံး ကတော့ လူထုကို ဓားစာခံလုပ်တာ စစ်တပ် ကိုတောထဲတောင် ထဲမှာ တိုက်တာ မနိုင်တော့ မြို့ထဲရွာထဲ မှာခိုးကြောင် ခိုးဝှက်နဲ့ အရပ်သားတွေကြားမှာရောပြီးမှ စစ်တပ်ကို မိုင်းနဲ့ချတယ်။ စက်တင်ဘာလ (၁၃) ရက်နေ့ က ညနေ (၃) နာရီကျော်လောက် ကျောင်းဆင်းပြီး ကာစ ကျောင်းသူကျောင်း သားတွေ၊ အရပ်သားတွေ သွား လာ နေတုန်း မှော်ဝမ်း ကုန်းဘက်က စစ်ကြောင်း ဖားကန့် ထဲဝင် လာတယ်။ ဆွတ်ငိုင်ယန်ရွာ အ၀င်မှာ အရပ်သားတွေ နဲ့ ရှုပ်နေတုန်း KIA ကမိုင်းခွဲပစ်လိုက်တယ်။ အရပ်သားရော စစ်သားရော တုံးလုံးပက်လက်ပဲ။ ဒဏ်ရာရတာ (၁၀) ယောက်ကျော် မယ်နဲ့တူတယ်။ ပြီးတော့မှ ဘေးပတ် ပတ်လည် အမြင့် စီးကနေ ၀ိုင်းပစ်တာ (၃) နရီကျော်လောက်ကြာမှ တိုက်ပွဲက ရပ်သွားတယ်။ အဲဒီကျတော့မှ ဒဏ်ရာရတဲ့လူနာတွေ ဆေးရုံပို့ရတယ်။ အဲဒီ အထဲ ကမှ ကျောင်းသူလေး တစ်ယောက် ဆေးရုံရောက် တာနောက် ကျလို့ ဆုံးသွား တယ်လို့ သိရတယ်။ ဒါတွေ က ကျွန်တော့ မျက်စိရှေ့မှာတင်ဖြစ် ပျက်သွား တာတွေ။
ဒါကို တစ်လနီး ပါးလောက်ကြာမှ ဖားကန့်က ကိုးတန်းကျောင်းသူလေး မဂျာဆိုင်းအိမ် စစ်တပ်က ပစ်လို့သေသွား ပါတယ်။ လူ့အခွင့်အရေးကော် မရှင်ကို တိုင်းထား ပါတယ်။ တရားစွဲ ပါမယ်ဆိုပြီး ဂျာနယ်မှာ ပါလာတယ်။ KIA ကမိုင်းခွဲ လို့ စစ်တပ်က ဗိုလ်တွေရော ရဲဘော်ရော အရပ်သားတွေရော တစ်ပြိုင်တည်း မိုင်းစတွေထိပြီး ဒဏ်ရာ ရကုန် တာကို မြင်သိနေ ပါလျက်နဲ့ တပ်မတော် ကဘဲ ပစ်တဲ့ ပုံစံလို မျိုးရေးထားတယ်။ ကျွန်တော်ဖြင့် အံ့သြလွန်း လို့ ကလိန်စေ့ငြမ်း ဆင်ပြော တဲ့လူက လည်းပြော ပိုက်ဆံရ ရင်ပြီးရော ဟုတ်ဟုတ် မဟုတ်ဟုတ် ရေးချင်တဲ့ လူက လည်းရေး။ လိပ်ကိုကြမ်း ပိုးလုပ်တဲ့ဟာတွေက များနေပြီ။ စစ်တပ်က ပြန်တရားစွဲရင် လူလဲသေ ၊ အရေးမတက်၊ အပြော မတက်တော့ တရားလည်း အစွဲခံရနဲ့ ၂ ခါနာဦးမယ်။ KIA ရဲ့ အကြောက် တရားနဲ့ လွှမ်းမိုး ထားတိုင်း အမှားတွေ အမှန်ဖြစ် ကုန်မယ် ဆိုရင် အကုန် ပျက်ကုန် မှာလေ...။ KIA ကဇူလိုင်လ (၁၄) ရက်နေ့က လုံးခင်း ရွာထဲ မှာ အိမ်ပေါ်တက်ပြီး ဇော်မန်း (ခ) ဖန်သီးကို သတ်တာ၊ အောက်တိုဘာလ (၁) ရက်နေ့က မှော်ဝမ်းလေး ရွာမှာ ခြံထဲဝင်ပြီး နေမင်းနိုင် ကိုသတ်တာ ။ ဘယ်သူမှ ထည့်မရေးရဲဘူး။ KIA ကိုလည်း တိုင်စာ မပို့ရဲဘူး မဟုတ် လား။ ပို့လိုက်ရင် ဇော်မန်း (ခ) ဖန်သီးတို့ နေမင်းနိုင်တို့ နောက်ကို လိုက်သွားရမယ်ဆိုတာ သိနေလို့နေမှာ..။ နေမင်းနိုင် ကို သတ်သွား တာကိုတော့ နောက်ပိုင်း မှာ ညီမလုပ်တဲ့သူက တိုင်တဲ့ စာလေးတော့ အွန်လိုင်းမှာ တက်တယ်တော့ပြောပါရဲ့… ဒါပေမယ့် ဘယ်ဂျာ နယ်မှာ မှတော့ မတွေ့မိ ပါဘူးဗျာ…။
ကချင်ပြည် နယ် ၊ ဖားကန့်မှာ ကျွန်တော်ကုမ္ပဏီဝန်ထမ်းနဲ့ နေတာကြာပြီ။ ဒီဒေသထဲမှာ စစ်တပ်က သူ့ဟာသူ နေတာ။ လမ်းမှာ KIA တွေ့တာတောင် တပည့်တွေက လက်ယားပြီးပစ်ချင်နေတာတောင် ခေါင်းဆောင်တွေက မပစ်နဲ့ အရပ်သားတွေနဲ့ ရောနေတယ် ၊ မလုပ်နဲ့ တစ်ချိန်းလုံး တားနေတာ။ KIA က အရပ်သား နဲ့ရောပြီး လာလဲ ပစ် ရော၊ စစ်တပ်က ခံလိုက်ရ တာချည်းဘဲ။ အောက်တို ဘာလ (၉) ရက်နေ့ မနက် အစောကြီး လုံးခင်းနား ကလယ်ပြင် ရွာထိပ်မှာ အရပ်သားယောင်ဆောင်ပြီး စစ်ကြောင်း တစ်ကြောင်းကို မိုင်းခွဲ တိုက်တယ်။ အောက်တို ဘာလ (၁၀) ရက်နေ့ မနက် မိုးတောင် မလင်းသေးဘူး ဖားကန့်မြို့ အ၀င်မှာဘဲ စစ်ကြောင်းကို မိုင်းခွဲပြီး အရပ်သား အိမ် တွေကြား ၀င်ပုန်းနေတယ်။ အဲဒီနေ့က ရဲဘော် (၄) ယောက် (၅) ယောက်လောက် ဒဏ်ရာ ရသွား တယ်လို့ သိရ တယ်။ စစ်တပ်က အရမ်းကို သည်းခံနေကြတာ။ သမ္မတ အမိန့်၊ စစ်တပ်က အကြီး အကဲတွေရဲ့ အမိန့်ကို လိုက်နာပြီးနေကြတော့ ဒါကို အခွင့်ကောင်း ယူပြီးတော့ KIA ထင်တိုင်းကြဲနေတာလေ။ ဒါတွေကို သတင်းသမား တွေက သိနေတာပဲ။ တံတားတွေမိုင်းခွဲလို့ မြင်းမကောင်းရှုမကောင်းအောင် ပျက်စီးတာတွေ၊ KIA လက် လွတ်စ ပယ် မိုင်းထောင်/ ပစ်ခတ်လို့ သေကြေဒဏ်ရာရပြီး ဆေးရုံရောက်တာတွေ၊ ဖားကန့်မှာရှိတဲ့ ကုမ္ပဏီတွေ၊ ၀န်ထမ်းတွေ၊ စက်ယန္တရားတွေအတွက် နှစ်စဉ် သိန်းပေါင်း သန်းချီပြီး ပေးနေ ရတာတွေ ဒါတွေကို ကုမ္ပဏီ ပိုင်ရှင် တွေ ၊ အစိုးရ ၀န်ထမ်းတွေ၊ သတင်း သမားတွေ၊ ဖားကန့် မှာရှိတဲ့ ပြည်သူတွေ အားလုံး သိကြတယ်။
“ ပူုတာအိုမှာ ဆန်တွေပြတ်နေ ပါပြီ၊ ဒေသခံတွေငတ်နေပါပြီ၊ အစိုးရနဲ့စစ်တပ်က လေယာဉ်နဲ့ ဆန်တွေပို့နေ မယ့်လည်း လောက်ငမှုမရှိလို့ ဒုက္ခရောက်နေဆဲပါဘဲ ၊ သေဆုံးမှုတွေလည်း ရှိနေပါပြီ ” ဒါတွေဘဲသတင်းသမား တွေရေးတယ်။ မြစ်ကြီးနားကနေ ပူတာအိုကို မလိခမြစ်အတိုင်းဆန်တက် ၊ တံတားပျက်ရင် လမ်းအပိုင်းလိုက် ကားနဲ့ပိုရင်ရလို့ ဟိုးမိုးဦး စက တည်းက ကုန်သည်တွေက ကားတွေနဲ့ပို့တယ်။ လမ်းမှာ KIA အနေနဲ့ လူသားချင်း စာနာထောက် ထားစွာ နဲ့ ပြည် သူလူ ထုနဲ့ သက်ဆိုင်တဲ့ ကုန်စည်စီး ဆင်းမှုတွေကို ဖွင့်လှစ်ပေး သင့်ပါတယ်။ တံတားတွေ ကိုလည်းမချိုးနဲ့။ လမ်းတွေကိုလည်း မဖျက်ပါနဲ့လို့ အစိုးရနဲ့ စစ်တပ် သတင်းစာ ကဘဲရေးတယ်။ အခြား ဘယ်ဂျာ နယ်တွေကမှ ထူးထူးခြားခြားလေးလေး နက်နက် မရေးဘူး။ အစွန်းရောက်ရင် ပုဂ္ဂိုလ်ရေးဆန်ရင် သတင်း သမား မလုပ် သင့်ဘူး။ ဒီလို သတင်း သမားနဲ့ သတင်း မျိုးတွေကြောင့် (၁၉၈၈) ခုနှစ်မှာ တိုင်းပြည် ကသောင်း ကနင်း ဖြစ်ခဲ့ဖူးပြီ။ သတိ တရား ရှိသင့်ပြီ၊ အမှန်ကို အမှန် အတိုင်း သိသင့်ပြီ.....။

(မောင်သစ္စာ (ဖားကန့်မြေ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်