Wednesday, October 17, 2012

သင်းအုပ်ဆရာ / ဓမ္မဆရာများမှ KIA အဖွဲ့အတွက် တိုက်ပွဲဝင်ရန် စည်းရုံးခြင်းနှင့် ရိက္ခာစုဆောင်းပေး ခြင်းများ ပြုလုပ်ပေးနေ

Posted by drmyochit Wednesday, October 17, 2012, under | No comments


 
အောက်တို ဘာလ (၁၄) ရက်နေ့ နေ့လည် ပိုင်းက ဖားကန့် မြို့နယ်၊ ဟောင်ပါး ကျေးရွာ အုပ်စု ၊ တာမခံ ရွာနှစ်ခြင်း ခရစ်ယာန်ကျောင်းမှ သင်းအုပ်ဆရာများနဲ့ ဓမ္မဆရာများမှဦးစီးပြီး အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာ များမှ ဒေသခံ ကချင် လူငယ် (၇၀) ဦးခန့်အား ခေါ်ယူတွေ့ဆုံပြီး ကချင်လူမျိုး ကောင်းစား ရေးအ တွက် မဖြစ်မနေ တိုက်ပွဲ ၀င်ကြရန် ဟောပြော စည်းရုံး ခဲ့တယ်လို့  သိရပါတယ်။


အောက်တို ဘာလ (၁၀) ရက်နေ့ကလည်း ဖားကန့်မြိုနယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင်လည်း  လူငယ် (၅၀) ဦးခန့် ကို ခေါ်ယူ၍ သင်းအုပ် ဆရာများမှ စည်းရုံး မှုများ ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။
ဘာသာရေး ဆရာ / ဓမ္မဆရာ များသည် အခြားသော သာမန်လူ များနှင့်မတူ ပညာတက် မြောက်ခြင်း၊ စိတ်သ ဘောထား နူးညံ့သိမ်မွေ့ခြင်း၊ ကြင်နာသနားတက်ခြင်း၊ ငြိမ်းချမ်းမှုကို အထူးလိုလားနှစ်သက်ခြင်း၊ ကိုယ်ချင်းစာ တရားကြီး မားသူဖြစ်ခြင်း စသည့် ဂုဏ်ပုဒ်များနှင့် ပြည့်စုံသူများဖြစ်ကြောင်း ကြားသိ ထားသော်လည်း ယခုအချိန် တွင် ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းကူညီကြရန် ဆွဲဆောင်စည်းရုံးရမည့်အစား တိုက်ပွဲဝင်ရန် စည်းရုံးပြောဆိုနေ ခြင်းအား အလွန်အမင်း အံသြမိကြောင်း ၊ ဘာသာရေးနှင့် နိုင်ငံရေး၊ စစ်ရေးများ ရောယှက်လာခြင်းသည် မဖြစ်သင့်ကြောင်း ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ခြင်းမှာ အလွန်ရှက်စရာ ကောင်းကြောင်း ဝှေခါဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

ထို့အပြင် မိုးမောက်မြို့နယ် ခရစ်ယာန်ကျောင်းများတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများမှ NGO အဖွဲ့ များထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများအား KIA တပ်ဖွဲ့ဝင်များထံသို့ ပို့ဆောင်ပေးခြင်း၊ ဓမ္မဆရာများနှင့် ချိတ် ဆက်၍ ဆန် ၊ ဆားများဝယ်ယူကာ KIA တပ်စခန်းများသို့ ပို့ဆောင်နေကြသဖြင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်း ကိုခံကြရမည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်