Wednesday, October 17, 2012

ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်ရှိ တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်းရုပ်သိမ်းသွားမည်ဟု ဦးအောင်မင်းဆို

Posted by drmyochit Wednesday, October 17, 2012, under | No comments


အငြင်းပွား ဖွယ်ဖြစ်နေသော ကချင်ပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်ရှိ မြန်မာ့ တပ်မတော် တပ်ရင်း များကို တစ်ဆင့် ချင်းရုပ်သိမ်း သွားမည်ဟု သိရသည်။
ရှေးဦးစွာ တိုက်ပွဲဖြစ်ပွားရာ လက်တစ်ကမ်းအကွာရှိ စစ်တပ် ရင်းများကို နောက်တန်း စစ်စခန်း များသို့ ပြန်လည် ဆုတ်ခွာ ရန် စီစဉ် သွားမည်ဖြစ်ပြီး ယင်းနောက် တန်း စစ်မျက်နှာရှိ စစ်တပ် ရင်းများအား စစ်အခြေစိုက် နေရာ များသို့ တစ် ဆင့်ချင်း ပြန်လည် ရုပ်သိမ်းသွား မည် ဖြစ်ကြောင်း သိရသည်။အဆိုပါ တပ်မတော် စစ်တပ် ရင်းများ ရုပ်သိမ်းမှုကို လာမည့် ရက်သတ္တ နှစ်ပတ်နှင့် တစ်လ အတော အတွင်း ဆောင်ရွက်သွား မည်ဟု ဝန်ကြီး ဦးအောင် မင်းက အောက်တို ဘာလ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားကြောင်း ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး မစ်ရှင် အဖွဲ့ဝင် ကိုထွန်း အောင်ကျော်က အောက်တိုဘာလ ၁၃ ရက်က ပြောသည်။

”ကချင်ပြည် နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနှစ်ပတ် တစ်လအတွင်း သတင်းကောင်း ကြားရတော့ မှာပါ လို့ ဝန်ကြီး က ပြောတယ်။ လက်တစ်ကမ်း အကွာ မှာရှိတဲ့ စစ်တပ်ရင်းတွေကို တစ် ဆင့်ချင်း ပြန်ရုပ်သွားပြီး နှစ်ဦးနှစ် ဖက် နိုင်ငံရေး အရ ဆွေးနွေး မှုတွေ ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ် လို့ ပြောတယ်” ဟု ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး မစ်ရှင် အဖွဲ့ဝင်အချို့ က ပြောသည်။ယင်းကဲ့သို့ ရှေ့တန်းစစ်မျက် နှာပြင်ရှိ တပ်မတော် တပ်ရင်းများ ကို တစ်ဆင့်ချင်း ရုပ်သိမ်း သွားပါ က တပ်မတော် အစိုး ရနှင့် ကေ အိုင်အို (ကေအိုင်အေ) တပ်မတော် ကြား နှစ်ပေါင်း ရှည်ကြာ ဖြစ်ပွား နေသည့် လက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ် သွားနိုင်ခြေရှိပြီး ဒီမို ကရေစီတိုင်းပြည် ဖြစ်ထွန်းပေါ် ပေါက်မှု ပိုမိုမြန်ဆန်လာ မည်ဖြစ် ကြောင်း ငြိမ်းချမ်းရေး မစ်ရှင် အဖွဲ့ ဝင် မူးသာက ပြောသည်။ ငြိမ်းချမ်းရေးမစ်ရှင် အဖွဲ့ဝင် ထွန်းအောင်ကျော်၊ မူးသာ၊ ကိုကို လေးတို့ ၃ ဦးသည် အောက်တို ဘာလ ၁၂ ရက်က နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သည်။

၎င်းတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ကာလ အတွင်း ကချင်ပြည် နယ်သို့သွား ရောက်ခဲ့ပြီးဗိုလ်ချုပ်ကြီး ဇော်မိုင်၊ ဒေါက်တာ တူးဂျာ တို့နှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ ဦးသိန်း စိန်သည် ၄င်း၏ အမေရိကန် ခရီး စဉ်အတွင်း ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် မိမိတပ်မတော်မှ တပ်မှူးများအား ကချင်ပြည်နယ် အတွင်း ထိုးစစ်မဆင်ရန် အမိန့် ထုတ်ပြန် ထားသော်လည်း ပစ်ခတ် မှုတွေ ဖြစ်ပွားနေခြင်းမှာ တစ်ဖက်မှ ပစ်ခတ် လာသည့် အပေါ် ခုခံကာ ကွယ်မှုသဘော တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ သည်။
ဥာဏ်လင်းအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်