KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဗဟိုဌာန ချုပ်ရုံး တာဝန်ခံ ကအောက်တိုဘာ ၁၁ ရက်တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NLD ငြိမ်းချမ်းရေး အဖွဲ့ ၀င်ရောက်မှ သာလျှင် ကချင် တိုင်းရင်း သားလူမျိုးစု အသက်ရှူ ချောင်မည်ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
““ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ငြိမ်းချမ်းရေး လက်မှတ် ခဏခဏရေးထိုးခဲ့ပေ မယ့် နိုင်ငံတော် အစိုးရ က သူတို့ အပေါ် သစ္စာမရှိဘဲ ထိုးထားတဲ့ လက်မှတ်ကို ချိုးဖောက်ခဲ့တဲ့အတွက် ကချင်အမျိုးသားလူထု တွေဟာ လက်ရှိ ဒုက္ခတွေ ခံစားနေရတယ်။
တကယ်လို့များ နိုင်ငံတော်အစိုးရက ကချင်အမျိုးသားတွေနဲ့ ထိုးထားတဲ့ လက်မှတ်တွေအပေါ်မှာ ကတိ တည်မည် ဆိုရင် ဒီလိုမျိုး လူထုတွေ ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကတိမတည်ခဲ့ရင် ကချင် တပ်နဲ့ နိုင်ငံတော်အစိုးရကြား ယုံကြည်မှုကင်းမဲ့ သွားမယ်။ သူတို့ကြားမှာ ငြိမ်းချမ်း ရေးရအောင် တွန်းအားပေး ပို့မယ့် လူလိုတယ်။ KNU/KNLA အဖွဲ့ အစည်းကိုယ်စား ပြောချင်တာကတော့ NLD ငြိမ်းချမ်းရေး အဖွဲ့အစည်း ၀င်ရောက်မှသာလျှင် ကချင်တိုင်းရင်းသားတွေ အသက် ရှူချောင်သွားတယ်။ အခြားအဖွဲ့ အစည်းေ တွနဲ့ မဖြစ်ဘူးလို့ ယူဆ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးမိခင်လို့ မြင်ပါ တယ်””ဟု ပြောပါသည်။
Time in Rangoon


0 comments:
Post a Comment