Wednesday, October 17, 2012

"OIC နဲ့  စာချုပ်ဟာ စက္ကူစုတ်ဖြစ်ဖို့ လိုသေးတယ်"

Posted by drmyochit Wednesday, October 17, 2012, under | No comments



ခုတော့လဲဘဲ နိုင်ငံတော် သမ္မတရုံး ၀ပ်ဆိုက်မှာ -OIC- ရုံး ဖွင့်လှစ် မဲဟာကို ခွင့်မပြုတော့ ဘူးလို့  ကြေ ညာထား တာတွေ့ရတယ်။ ဒါပေမဲ့ ဆန္ဒပြနေ တာတွေ ရပ်တန့် သွားလေပြီ လားလို့ မေးစရာ ရှိလာတယ်။မရပ်တန့်  သေးတဲအပြင်မှာ ဆက် လက်ပြီးတော့တောင် ဆန္ဒပြနေကြအုံး မယ်လို့ သတင်းတွေ မှာကြားနေ ရတယ် ။
ဒီတော့ အဖြေ တခုကို တိတိကျကျ အစိုးရက လုပ်ပေးဖို့ လိုတယ် ။မပေးလို့ ရှိနေရင်ဆန္ဒပြတာတွေဟာ ဆက် တိုက်ဖြစ်နေမှာ သေချာနေတယ် ။အဓိကကတော့စာချုပ်ချုပ်ခဲ့ တာကို မပယ်ဖျက်သေးဘူးဆိုတာပါဘဲ ။ ဒီစာချုပ် ကိုဒီအ တိုင်းထားနေလို့ ကတော့ အသက် ၀င်ဆဲ ရှိနေအုံး မယ်ဖြစ်တယ်။ တဖက် ကလဲ ဘဲဒီစာ ချုပ်က အသက် ၀င် ရှိနေသေး တာမို့ လျှာယားတိုင်း ပြောချင်နေ အုံးမယ်။ ဒါ့ကြောင့်မို့လို့ အစိုးရ အနေနဲ့  -OIC- နဲ့  ချုပ်ဆို ထား တဲ့ စာချုပ် ကို ရုပ်သိမ်းပြီ်။
ဖျက်သိမ်းပြီဆိုတဲ့ အကြောင်း ကမ္ဘာကိုကြေညာဖို့လိုတယ်။ ဒီလိုကြေညာမှသာ အခုလို လမ်းပေါ် ထွက်ဆန္ဒပြနေ တာတွေရပ် တန့် သွားမှာဖြစ်တယ် ။
တချိန် တည်းမှာဘဲ အခုလို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သူများတွေထဲ ကရဟန်း သင်္ဃာတော်တွေ -ကျောင်းသားတွေ ကို ဖမ်းဆီးထား တာကြား ရတယ်။မြန်မာနိုင်ငံ အတွင်းမှာ အခုလိုဆန္ဒပြခဲ့တာနဲ့ပါတ်သက်လို့ ဖမ်းဆီးထား သူများ ရှိရင်လဲ ချက်ချင်း လွှတ်ပေး စမ်းပါလို့ တောင်း ဆိုပါရစေ ။
တည်ငြိမ် အေးဆေးစွာ အကြမ်းမဖက်တဲ့ ဆန္ဒပြနေတဲ့ ကမ္ဘာကြီးမှာ မည်သည့် လူမျိုးကို မျှအ စိုးရက မဖမ်းဆီး ဘူးဆို တာ လူတိုင်းသိရှိနားလည်ကြပါတယ် ။ဒီကနေ့ မျက်မှောက်ကမ္ဘာမှာ တည်ငြိမ်အေးချမ်းစွာ အကြမ်းမဖက်တဲ့ လမ်းပေါ် ထွက်ဆန္ဒပြ သူတွေဟာ မြန်မာ နိုင်ငံမှာ သာ ရှိတယ် ။

လမ်းပေါ်ထွက် ဆန္ဒပြ သူတွေမှာ လက်နက် ဆိုလို့  အပ်တို တချောင်း မပါကြပါဘူး ။တုတ် ၊ဒါး ၊ အုဋ္ဌ်နီခဲ ၊ သေနတ် ၊ ဗုံး စတာတွေ ဘာတခုမှ မပါဘူး ။

ယုတ်စွ အဆုံး လက်ကမ်း စာစောင်တွေ - ပိုစတာတွေ - မှာ ဖရုသ၀ါစာ ရေးတဲ့ စာတွေနဲ့  ဘာတခုမှ ရေးထားတာ မတွေ့  ရဘူး ဆိုတာ လူတိုင်း သိတယ် ။ ခရမ်း ချဉ်သီး အပုတ်လဲ မပါသလို ကြက်ဥပုတ်လဲ မပါကြဘူးပေါ့ ။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ဆရာတော် ရဟန်း သင်္ဃာတော်တွေနဲ့ ဗုဒ္ဒဘာ သာဝင် တိုင်းရင်းသား လူမျိုးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ သူများ သာဖြစ်တယ် ။ သူတို့ ကို ဆန္ဒပြခွင့်ပေးပြီး လူထု ဆန္ဒပွဲပြီး ဆုံးချိန် လူစုခွဲ သွားမယ် ဆိုရင် အစိုးရနဲ့  လူထုကြား မှာဘာပြ သနာမှ မရှိတော့ ဘူးပေါ့ ။

အေးအေးဆေးဆေး လူပေါင်းသောင်းနဲ့ ချီသော ဆန္ဒပြပွဲကြီး ပြီးဆုံးသွားရင် လူထူ လူတန်းစား အသီး သီးဟာ စစ်မှန်သော ဒီမို ကရေစီ စနစ် တခု ဆီသို့ ညင်သာစွာ ချီတက် သွားတတ်နေပြီ ဆိုတဲ့ လက္ခ ဏာကို မြင်တွေ့ နေ ရပြီလို့  ပြောလိုရပြီဘဲ ။ အစိုးရနဲ့ လုံခြုံရေး တပ်တွေဟာ ဒီလို အမြော် အမြင်တွေ ရှိနေဖို့ လိုတယ် ။

အခု အချိန်မှာ ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ဖြေးဖြေးချင်းနာရီလျှော့ပေးပြီး ရုပ်သိမ်းလာပြီဆိုတာ သိလာရပါတယ် ။နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့ ဝင်ဦးလှမောင်ရွှေနဲ့ ဒေါက်တာကျော်ရင် လှိုင်နဲ့ နယူးယောက်မြို့ ကဗျာ ဆရာကြီး ( ဦး ) မောင်စွမ်းရည် အိမ်မှာတုံးက ဒီအကြောင်းကို ပြောပြ လိုက်ပါတယ် ။


ကျွန်တော် သိတဲ့ ပုဒ်မ္မ( ၁၄၄ ) ဆိုတဲ့ အကြောင်းကို လူထုတွေကို အစိုးရက ပညာပေး သင်တန်းတွေ ပေးဖို့ လို တယ်လို့ ပြောပြ လိုက်တာဖြစ်တယ်။ ပုဒ်မ္မ ( ၁၄၄ )ဆိုတာ လူ(၅ ) ဦး ထက်မစုရ ဆိုတာမျိုးနဲ့ ညမ ထွက်ရ အမိန့် လို့  ယေဘူယျ သာနား လည်ကြတယ် ။

တိတိ ကျကျ နားမလည်တော့ လူထု ကလဲ ဖြစ်ချင် ရာဖြစ်ကြ သလို တာဝန်ရှိ လုံခြုံရေး အဖွဲ့တွေ ကလဲ တိတိ ကျကျ မသိတော့ ဒီအတိုင်း ပြသနာကို ကြီးထွားသွားစေတာဖြစ်တယ် ။ ဒါ့ကြောင့် ပုဒ်မမ (၁၄၄) ကိုလုံခြုံရေး တပ်သားတွေနဲ့ ပြည်သူ လူထုကိုပ ညာပေး သင်တန်းတွေပေးဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့ဝင်တွေ ကို ကျွန်တော် ကအကြံပေး တင်ပြလိုက် တာဖြစ်တယ် ။ ဒီတော့ ပုဒ်မ္မ ( ၁၄၄ ) ကို ပြောပြပါ့မယ် ။

ပုဒ်မ္မ ( ၁၄၄ ) ဆိုတာဟာလူစုလူဝေးများနဲ့  ဆန္ဒပြလာကြရင် အကြမ်းဖက်မည့်လက္ခဏာတွေ ရှိလာတော့ မယ်ဆို ရင် ထိမ်းမနိုင် သိမ်းမရ ဖြစ်လာတော့ မယ်ဆိုရင် ထုတ်ပြန်ရမဲ့ ဥပဒေဖြစ်တယ်။ ပထမဦးစွာ ဆန္ဒပြ အုပ်စုကို ရှေ့မတိုး နိုင်အောင် သံဆူး ကြိုးကာ တားထား ရတယ် ။

အဲဒီလို ကာဆီးပြီးရင် ပုဒ်မ္မ ( ၁၄၄ ) အမိန်ကို ထုတ်ပြန်ကြောင်း အသိပေး ရပါတော့မယ်။ ဒီလို အသိပေးကြေ ညာတော့ မယ်ဆိုရင် ဆန္ဒပြနေတဲ့  နေရာ အနီးမှာ ကားတွေ အဆင်သင့် စီစဉ်ထားရ ပါလိမ့်မယ် ။

နောက်အဲဒီ လိုဘဲ ဆေးရုံ မှာလဲ တာဝန်ကျ ဆရာဝန် များကို တာဝန် ကိုယ်စီ ထမ်းရွက် နိုင်ဖို့  စီစဉ်ဆောင်ရွက် ထားရပါ လိမ့်မယ် ။ ဒီလိုစီစဉ်ပြီးရင်ဆန္ဒပြနေတဲ့  လူအုပ်ကို ပုဒ်မ္မ ( ၁၄၄ ) အမိန့် ထုတ်ပြန်ကြောင်းလူကြားအောင် အသံချဲ့ စက်နဲ့  ကြေညာပေးရပါလိမ့်မယ် ။

ဒီအချိန်မှာ လူအုပ် ကနောက် မဆုတ်ဘဲ ရှေ့သို့  တက်လှမ်းလာရင် ရှေးဦးစွာ မြင်းတပ်နဲ့ ထိမ်းရပါတယ် ။ အကယ် ၍ မြင်းတပ် မရှိတဲ့ နေရာဒေ သတွေမှာ မျက်ရည် ယိုဗုံးနဲ့ လူအုပ်ကို ဖြိုခွဲ ရပါတယ် ။

မျက်ရည်ယို ဗုံးနဲ့  လူအုပ်ကို ခွဲ လို့  လူစုကွဲ သွားပြီ ဆိုရင်နောက် ထပ် ပုဒ်မ္မ ( ၁၄၄ )အတိုင်း ညမထွက်ရအမိန့် ကို ကျင့်သုံး သွားရုံပါဘဲ။

ဒါပေမဲ့ အဲဒီလို မျက်ရည်ယိုဗုံးနဲ့  ပစ်ခတ်သော်လဲဘဲ လူအုပ်ကနောက်မဆုတ်ဘဲနဲ့  ရှေ့ဆက်ပြီး သံဆူးကြိုးကို ကျော်ဖြတ် လာတော့မယ် ဆိုရင်သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းရပါတော့မယ် ။ သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းတဲအခါမှာ မိုးပေါ် ထောင်မပ စ်ရပါဘူး ။

အကယ်၍ မိုးပေါ်ထောင်ပစ်ခဲ့ ရင် လူထုကသူတို့ ကို မပစ်ခတ်ဘူးဆိုတာ သိသွားပြီး အတင့်ရဲကာ ရှေ့ဆက် တိုးလာမဲ့ အန္တရယ်တွေ ဖြစ်လာ ပါလိမ့်မယ်။ ဒါ့ကြောင့်မို့ လို့ သေနတ်နဲ့ ပစ်ခတ်တဲ့အခါ မိုးပေါ်ထောင် မပစ်ဘဲနဲ့  အဆူပူ ဆုံး လူအုပ်ကို ပစ်ခတ်ရပါတယ် ။

ဆန္ဒပြတဲ့ လူထုတွေထဲ အဆူပူဆုံး နေရာမှာ ခေါင်းဆောင် များက ရှိတတ်ပြီး တချို့ မှာဆန္ဒပြပွဲကို လိုက်ပါ ကြည့်ရှူ သူများ ဖြစ်တတ် ကြပါတယ် ။ ဒါ့ကြောင့် အဆူ ပူဆုံး လူအုပ်ကို ပစ်ခတ် ရပါတယ် ။

တကယ်လို့ အဲဒီလို ပုဒ်မ္မ(၁၄၄) အမိန့်ကို ချိုးဖေါက်ပြီး သံဆူးကြိုးကို ကျော်ဖြတ်ကာ လူအုပ်က ရှေ့ဆက် တက်လာ ကြမယ်ဆိုရင် အဆူပူ ဆုံးနေရာ လူအုပ် စုကို ပစ်ပြီး တာနဲ့ စောက ရပ်ထားတဲ့ မော်တော် ကားတွေနဲ့  ချက်ချင်း ဒဏ်ရာ ရသူ ၊ သေဆုံး သူများကို သယ်ဆောင် သွားရပါတယ်။ ဆေးရုံကို ယူဆောင်သွားပြီး အရေးပေါ် တာဝန် ကျနေတဲ့ ဆရာဝန် များနဲ့  ကုသပေး ရပါတယ် ။

ဒါဟာ ပုဒ်မ္မ ( ၁၄၄ ) ရဲ့ အနှစ် သာရဖြစ် ပါတယ်။ ပုဒဒ်မ္မ ( ၁၄၄ ) ကို ချိုးဖေါက်ရင် လုံခြုံရေး လက်နက်ကိုင် အဖွဲ့ ကို ပစ်မိန့် ပေးထားတာ သတိမူကြ ပါလိမ့်မယ်။ ဒါဟာ ဒီဥပဒေမှာ အဓိက အရေးကြီးတဲ့  အချက်ပါဘဲ ။

ဒီလို ဥပဒေမျိုးကို လူထုက နားလည်မှ အစိုးရရဲ့  လုံခြုံရေး တပ်တွေက နားလည်မှ ပုဒ်မ္မ( ၁၄၄ ) အမိန့်ဟာ တန်ဖိုးရှိ သလို နယ်မြေဒေ သတွေ ဟာလဲဘဲ ငြိမ်းချမ်း ကြမှာဖြစ် ပါတယ်။အခုအချိန်မှာ ဥပဒေကို ထုတ်ပြန် ထားပေမဲ့ ဒီဥပဒေ အတိုင်း မကျင့် သုံးလို့သာ လူတွေဟာ ကြမ်းချင် တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းနေကြ တာဖြစ်ပါ တယ် ။

ဥပဒေ အတိုင်း တိတိကျကျ ဆောင်ရွက် လိုက်ရင် ဘယ်လူ သားကမှ နားရွက် လှုပ်စရာ အကြောင်း မရှိဘူးလို့  ထင်ပါ တယ်။ဒါ့ကြောင့် မို့လို့ စစ်အစိုး ရရဲ့ အငွေ့ အသက် မကုန်သေးတဲ့ မြန်မာနိုင်ငံ အစိုးရ အနေနဲ့  ဒီမို ကရေစီ စနစ်ဆီသို့  ခြေလှမ်း လှမ်းစပြုနေ ချိန်မှာ လူထုရဲ့  အသံကို နားထောင်ပြီး လူထုအလိုကို လိုက်လျောဖို့လိုပါတယ် ။

ဒီကနေ့ မျက်မှောက် ကာလ အချိန်မှာ လူထု လူတန်းစား အသီးသီးတွေ ကဆန္ဒပြတောင်း ဆိုနေတာဟာ သူတို့ ရဲ့  ဘ၀လုံခြုံရေး အတွက်ဖြစ်တယ် ။ဒါကြောင့်မို့ လို့  စာချုပ်တွေချုပ်ဆိုပြီး လုပ်ထားရင်စာချုပ်သက်တမ်းကို ဖျက်ဆီးဖို့ စက္ကူစုတ် လုပ်ပေးဖို့ လိုပါတယ် ။ဒီလိုစာ ချုပ်ကို စက္ကူစုတ် လုပ်ပြီးမှ လမ်းပေါ်ထွက် ဆန္ဒပြခြင်းတွေ ရပ်တန့် သွားမှာ ဖြစ်ကြောင်းပါ ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )ရေးသားသည်။


 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်