မြစ်ဆုံဆည် ဆောက်ခွင့် မပြုချိန်က လူထု တရပ်လုံးရဲ့
ထောက်ခံမှု ရသကဲ့သို့ OIC ဖွင့်ခွင့် မပေးခြင်း ကြောင့် သမ္မတကြီး ဦးသိန်းစိန် အား လူထုထောက်ခံမှု
ဆက်တိုက်ရရှိလာ ကြောင်း သတင်းရရှိသည်။ မြစ် ဆုံ ရေအား လျှပ်စစ် စက်ရုံ တည်ဆောက်ရေး အတွက် လူထု တရပ် လုံးမှ စိုးရိမ်နေချိန်တွင် သမ္မ တကြီး
ဦးသိန်းစိန်မှ ပြတ်ပြတ်သားသားဖြင့် ဆက်မလုပ်ရန် အမိန့်ထုတ်ခဲ့ခြင်းကြောင်း တနိုင်ငံလုံးမှ
မြန်မာ လူထု တရပ်လုံးက ဝိုင်းဝန် ထောက်ခံ ကြိုဆို ခဲ့ကြသည်။
ယခု တခါ OIC ရုံး ဖွင့်လစ်မှု အတွက် လူထုတရပ်လုံး စိုးရိမ်နေချိန်မှာလည်း သမ္မတကြီး ဦးသိန်းစိန်မှ လူထုအသံကို နားစွင့်ကာ ရုံးခွင့်ဖွင့် မပြုရန် အမိန့်ထုတ်ခဲ့သည်။
သမ္မတကြီးဦးသိန်းစိန်၏ OIC ဖွင့်ခွင့်မပေးသည့် အမိန့်ကြောင့် ဆန္ဒပြသူများသာ မက မြန်မာလူထု တရပ်လုံး စိတ်အေးလက်အေးဖြင့် ကျေနပ်မှု ရရှိသွားကြပြီဖြစ်သလို သမ္မတကြီးဦးသိန်းစိန်ကိုလည်း ပိုမိုလေးစား ချစ်ခင် ကာ ယုံကြည်အားကိုး လာကြကြောင်း သတင်းရရှိသည်။
သမ္မတကြီး ဦးသိန်းစိန်သည် လက်တလောကာလတွင် မြန်မာနိုင်ငံ၌ လူထု၏ တခဲနက် ထောက်ခံမှုကို ရရှိလျှက်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတ တာဝန် ကို ဆက်လက် ထမ်းဆောင်ခြင်း မပြုရန် စဉ်းစားထားသူ ဖြစ်သည်။
OIC မြန်မာ နိုင်ငံတွင် ဖွင့်လစ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မှ ကန့်ကွက်မှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲသလို ၈၈ မျိုးဆက် ကျောင်းသား များနှင့် အခြား သမ္မဂများ ကလည်း ကန့်ကွက်မှုတွေ မပြု လုပ်ခဲ့ပေ။ မြစ်ဆုံတုန်းက ကျယ်ကျယ်ပြန့်ပြန့် အသံလွှင့် ခဲ့ကြသည့် ပြည်ပ အခြေစိုက် မြန်မာသတင်း ဌာန များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရေးသားခဲ့ကြသည့် ပြည်တွင်း ဂျာနယ်များကလည်း OIC နှင့် ပတ် သတ်ပြီး ဆန့်ကျင်ရေးသား အသံလွှင့်မှုမျိုး လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိချေ။
Time in Rangoon

0 comments:
Post a Comment