Thursday, October 11, 2012

မုန်တိုင်းငယ် အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်

Posted by drmyochit Thursday, October 11, 2012, under | No comments





ရန်ကုန်- အောက်တိုဘာ ၁၁

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖြတ်ကျော် ၀င်ရောက် နေသော မုန်တိုင်း ငယ်ကြောင့် မြန်မာ နိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေ သကြီး လေးနေရာတွင် ယနေ့ နံနက် ၅ နာရီမှ ၂၄ နာရီအတွင်း မိုးသည်း ထန်စွာ ရွာသွန်း နိုင် ပြီး နေရာ ကွက်ကြား မိုးကြီး နိုင်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးချစ်ကျော် ကပြောသည်။


ဘင်္ဂလား ပင်လယ်အော် အရှေ့ မြောက်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်း ငယ်သည် ယနေ့ မနက် တွင် မောင်တော အနောက် မြောက်ဘက် မိုင် ၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုပြီး ဘင်္ဂလားဒေ့ ရှ် နိုင်ငံ သို့  ဖြတ်ကျော် ၀င်ရောက် လျှက်ရှိကြောင်း ဦးချစ်ကျော်က ပြောသည်။

ဖြတ်ကျော်ဝင် ရောက်နေစဉ် အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့ တွင် နေရာ ကွက်ကြား မိုးကြီး နိုင်ကြောင်း၊ မိုးရွာသွန်း မှုသည် မုန်တိုင်းမှ ကွဲ ထွက်လာ သောဆဲလ် များကြောင့် ဖြစ်ပြီး ၂၄ နာရီ ကြာမြင့် နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

"မကွေး ကတော့ မနေ့က တစ်နေ့လုံး ဖုန်းဆက်တယ်။ တောင်ကျ ချောင်းရေကြောင့် ရေကြီးနိုင် တဲ့ နေ ရာ တွေမှာ တော့ မနေ ကြဖို့ ဘေးလွတ်ရာ ပြောင်းနေကြဖို့ သတိပေး ထားတယ်။ ဘီတူး အိုမုန်တိုင်း တုန်း က ယောချောင်းတို့၊ ယင်းချောင်းတို့ နားမှာ နေတဲ့သူတွေ ထိကြ တယ်လေ။ သူတို့ကိုလည်း မနေ ဖို့ ပြော ထား ပါတယ်"ဟု ဦးချစ်ကျော် ကပြောသည်။

မုန်တိုင်း သက်ရောက် မှုကြောင့် မိုးအများဆုံး ရွာသွန်းမည့် ဒေသ ကြီးလေးခု အနက် ယခုလက်ရှိ အချိန် တွင် ရခိုင်ပြည်နယ် တွင် မိုးရေချိန် ၇ လက်မ၊ ချင်းပြည်နယ်တွင် ၂ လက်မ၊ မကွေးတိုင်း ဒေသကြီးတွင် ၁လက်မ (၂၅ မီလီမီတာ) အထိ ရွာသွန်း နေကြောင်း ဦးချစ်ကျော် ကပြောသည်။

"ကုန်းတွင်းပိုင်း ကတော့ ဘာမှမ ဖြစ်နိုင်ဘူး။ ပင်လယ် ပြင်ကတော့ သက်ရောက်မှု ပြင်းထန် နိုင်တယ်။ မနေ့က ရခိုင်က လူတွေ ဖုန်းဆက်တော့ ပင်လယ်ပြင်က အရမ်း လေပြင်းထန် နေတယ်။ သင်္ဘောတွေ ထွက်ပြေးရ တယ်လို့ ပြောတယ်။ ကုန်းတွင်း ၀င်ပြီး သွားပြီဆိုရင် ညနေ ပိုင်းလောက် အားပျော့ သွားနိုင် တယ်"ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

မုန်တိုင်း ငယ်သည် မောင်တောတွင် အဖျားခတ်သွားပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း ဒေသ ကြီး အနောက်မြောက်ဘက်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း တို့တွင် မိုးရေချိန် ၃ လက်မ ၀န်းကျင် ရွာသွန်းနိုင် သော်လည်း ဘီတူးအို မုန်တိုင်းကဲ့သို့ ရေမကြီး နိုင်၍ စိုးရိမ်ဖွယ် မရှိကြောင်း မိုးလေ ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် ကပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်