Thursday, October 11, 2012

တာလီဘန်တို့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် ကျောင်းသူတစ်ဦး၏ ဦးခေါင်းအတွင်းမှ ကျည်ဆန် အောင်မြင်စွာ ခွဲထုတ်

Posted by drmyochit Thursday, October 11, 2012, under | No comments




တာလီဘန် စစ်သွေးကြွ များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန် ထိမှန်ခဲ့သည့် ၁၄ နှစ်အရွယ် ကျောင်းသူက လေး၏ ဦးခေါင်း အတွင်းမှ ကျည်ဆန်ကို ပါကစ္စတန် ခွဲစိတ်ကု ဆရာဝန်များက အောင်မြင် စွာဖြင့် ခွဲထုတ် ပေးနိုင်ခဲ့ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်၏ ဖော်ပြချက် အရ သိရသည်။


အဆိုပါ ကျောင်းသူ လေး၏ အမည်မှာ မာလာလာ ယူဆက်ဖ် ဇာအီဖြစ်ပြီး သူမသည် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ လှုပ်ရှား မှုတွင် ပါဝင်သူတစ်ဦး ဖြစ်သည်ဟု သိရသည်။
သူမနှင့် အခြား မိန်းကလေး နှစ်ဦး တို့သည် ကျောင်းမှ နေအိမ်သို့ အပြန် တာလီဘန် များက ဆွက် တောင် ကြား၌ အောက်တိုဘာ ၉ ရက်က သေနတ် ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
သူမ သည် ပညာရေး ကဏ္ဍ၌ အယူ ဝါဒရေးရာ လွှမ်းမိုးမှု မရှိစေရေး ဝါဒကို အားပေးထောက်ပံ့သူ ဖြစ်ခြင်း ကြောင့် သူမ ကိုယခု ကဲ့သို့ ပစ်မှတ် ထား၍ တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်သွေးကြွ အုပ်စု၏ ပြောရေး ဆို ခွင့် ရှိသူတစ်ဦးက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ သည်။ ယခုအ ချိန်တွင် မာလာလာ၏ အခြေ အနေသည် စိုးရိမ် ဖွယ်ရာ မရှိတော့ ကြောင်းသိ ရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်