Thursday, October 11, 2012

မြန်မာအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးနေကြောင်း သမ္မတပြောကြား

Posted by drmyochit Thursday, October 11, 2012, under | No comments



မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာ အသိုင်း အ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီး ပွားရေး ၀န်းကျင်ကောင်းတစ်ခုကို ဖန် တီးနေ ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်ကေ အာက်တိုဘာ လ ၉ရက်တွင် တောင်ကိုရီးယားနိုင်ငံ KOTRA ဌာနချုပ်ရုံး၌ ပြု လုပ်သော မြန်မာရင်းနှီးမြုပ်နှံမှုဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသွားသည်။ မြန်မာနိုင်ငံအနေနှင့် ရရှိထားသောနိုင်ငံရေးဖြစ် ထွန်းမှုများကို ပံ့ပိုး ကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု့များနည်းပညာ အကူ အညီများ လိုအပ်နေ ချိန်ဖြစ်ကြောင်းလည်း ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာအင်အားကြီး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိ ယနှစ်နိုင်ငံ အကြားတည်ရှိနေသည်ကို “မြန်မာနိုင်ငံသည် မဟာဗျုဟာမြောက် တည်နေရာဖြစ်သော ကမ္ဘာ့စီးပွားရေးအင် ဂျင်နှစ်ခုအကြားတွင် တည်ရှိနေကြောင်း” ရည်ညွှန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အနေနှင့် အလားအလာကောင်းသော်လည်း ရင်းနှီးမြုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး ကဏ္ဍများ ရှိနေသေးခြင်းက လည်း မြန်မာနိုင်ငံ၏စီးပွားရေးအနာဂတ်အတွက် အားသာချက် များဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်