Thursday, October 11, 2012

ခရမ်းချဉ်သီးတွင် ပါဝင်သော Lycopene ဓာတ်သည်လေသင်တုန်းရောဂါဖြစ်ပွားမှုအန္တရာယ်လျော့ကျနိုင်

Posted by drmyochit Thursday, October 11, 2012, under | No comments


ပေကျင်း အောက်တိုဘာ ၁ဝ
ခရမ်းချဉ်သီး၊ ဖရဲသီးနှင့် ပန်းငရုတ် ကဲ့သို့သော အသီးများတွင် ပါဝင်သည့် Lycopene အမည်ရှိ အနီရောင် ဓာတု ပစ္စည်း တစ်မျိုးသည် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျ စေနိုင်သည်ဟု ဖင် လန် နိုင်ငံမှ သုတေ သီများ၏ ပြောကြား ချက်အရ သိရသည်။

သုတေသီ များသည် လူပေါင်း ၁ဝ၃၁ ဦး၏ သွေးအတွင်း၌ Lycopene ပမာဏ ပါဝင်မှု အနည်း အများ အပေါ် မူတည်ကာ အုပ်စု လေးစု ခွဲ၍ လေ့လာ ခဲ့ကြသည်။ ယင်းကဲ့သို့ လေ့လာ ခဲ့ရာတွင် တွေ့ရှိရသော အဖြေ များအရ သွေးအတွင်း၌ Lycopeneပမာဏ ပါဝင်မှု များသည့် အုပ်စု အတွင်း၌ လေသင် တုန်း ရောဂါ ဖြစ်ပွား မှုနှုန်း အနည်းငယ်သာ တွေ့ရှိခဲ့ပြီး Lycope ne သွေးတွင်း   ပမာဏ ပါဝင်မှု နည်းပါး သူ အုပ်စုတွင် လေသင် တုန်းရောဂါ ဖြစ်ပွားမှု ပိုမို များပြား ကြောင်းကို တွေ့ရှိခဲ့ကြသည်။
Lycopene သည် ရောင်ရမ်းမှုကို လျော့ကျ စေပြီး သွေးခဲခြင်းကို ကာကွယ် ပေးနိုင်သည့် antioxidant တစ် မျိုး အဖြစ် အသုံးပြု နိုင်ကြောင်း ဖင်လန် အရှေ့ပိုင်း တက္ကသိုလ်မှ ဒေါက်တာ ဂျွန်နီကာပီက ပြောကြား သည်။
အချုပ်အားဖြင့် ဆိုရသော် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံး သူများတွင် လေသင် တုန်း ရောဂါ ဖြစ်ပွားမှု ပိုမို နည်းပါးသည်ဟု သိရသည်။  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်